အပိုင်း ၁၂
ဟေး ! မင်းဘာလုပ်မလို့လဲ !
"......အတော်ချိုတယ်"
"ငါထွက်လာတုန်းက ရေခဲမုန့်စားလာခဲ့ပြီးပြီ အခုနည်းနည်းဗိုက်ပြည့်နေတယ်"
"မင်းရဲ့ဗိုက်က ရေခဲမုန့်တစ်ခွက်ထဲနဲ့ ပြည့်နိုင်တယ်ပေါ့?" တင်းကျိထရပ်လိုက်ပြီးဘေးက ဆိုင်လေးထဲလက်ဆေးလိုက်ကာ ကိုယ့်လျှပ်စစ်စက်ဘီးကိုတွန်းထုတ်လာသည်။
"သုံးဗူး" လင်ဝူယွီဗိုက်ကိုပွတ်လိုက်သည် "တကယ်ပြည့်နေတာ ရေခဲမုန့်ကထမင်းထက်နေရာပိုယူတယ်လေ"
"မင်းဝမ်းလျှောတော့မှာထင်တယ်" လျိုကျင်းဖုန်မထိန်းနိုင်ပဲပြောလိုက်သည်။
"ရိုးရာလေ" တင်းကျိစက်ဘီးပေါ်တက်လိုက်ပြီး လင်ဝူယွီကိုလှည့်ကြည့်လိုက်သည် "တက်"
လက်ထဲက အိတ်ကြီးတစ်အိတ်ကိုဘုတ်ပေါ်တင်လိုက်သည်။
"မင်းတစ်ခုခုဝယ်လာတာလား?"
"အင်း နို့မှုန့် ခဏနေရင်ငါ့ကိုနှစ်ရာပြန်လွှဲပေး ငါတို့နှစ်ယောက်အတူဝယ်ကြတာဖြစ်သွားပြီ"
"ရတယ်လေ" တင်းကျိခေါင်းငြိမ့်လိုက်သည်။
လင်ဝူယွီစက်ဘီးပေါ်တက်ချိန်တွင် အင်္ကျီအောက်ပိုင်းကို ဘောင်းဘီထဲထည့်လိုက်သည်။
"ဒါကဘယ်ရွာရဲ့ဖက်ရှင်ထရန်းလဲဟ?" လျိုကျင်းဖုန်က မကြိုက်ဟန်နှင့်သူ့ကိုကြည့်သည်။
"ပါးစပ်ပိတ်ထား" လျိုကျင်းဖုန်ဆက်ပြောတာကိုမစောင့်တော့ပဲ အသီးဈေးတန်းထဲမှ မောင်းထွက်လာသည်။
"ဒီဘက်က သွားရလို့လား?"
"ရတယ်" လူအုပ်ထဲမှ ဖြတ်လတ်စွာဖြင့် တင်းကျိဖြတ်သွားသည် "ငါမျက်စိမှိတ်မောင်းရင်တောင် ထွက်လို့ရတယ် စိတ်ချစမ်းပါ"
"မင်း......." ဖရဲသီးပုံဘက်သို့ လင်ဝူယွီကြည့်လိုက်သည် "အရင်တစ်ခေါက်က ငါကမက်မွန်ပန်းမဟုတ်ဘူးလို့ ပြောချိန်မှာ ဖရဲသီးပဲလို့ပြောခဲ့တယ်မလား?"
"ဘာကြီး?" တင်းကျိလှည့်ကြည့်လိုက်သည်။
"မင်းအဲ့မှာအမြဲတမ်းဖရဲသီးရောင်းနေတာလား?"