1 0 0
                                    

အပိုင်း ၈

ယွမ်းသာ့ထို လို မျိုး အသုံးအဖြုန်းကြီးပုံ အကြောင်းပြ ချက်က တင်း ကျိကို စိတ် လှုပ်ရှားစေ တယ်

တင်းကျိရဲ့ခန့်မှန်းချက်ကြောင့် စိတ်ထဲတစ်ချက်ခုန်သွားပေမဲ့ လင်ဝူယွီကတော့ ဆက်တင်းခံနေတုန်းပဲ "မင်းမတွက်နိုင်ဘူးလား?"

"ငါ့ကိုမမေးပဲနဲ့ ငါက ဘယ်လိုဖြေရမှာလဲ?" တင်းကျိသူ့ကိုကြည့်လိုက်သည်။ခဏကြာလည်း လင်ဝူယွီစကားမပြောတာတွေ့တော့ သူကျစ်သပ်လိုက်သည် "ရတယ်လေ ငါတွက်ပေးမယ်"

ထို့နောက် ကောင်တာသို့သွားကာ ဘောပင်နှင့်စာရွက်တစ်ရွက်ကိုယူလိုက်သည်။

"......မင်း ဖော်မြူလာနဲ့တွက်မလို့လား? စာရွက်ဘောပင်ယူဖို့လိုသေးတယ်ပေါ့?"

"ငါ့ကိုမနှောင့်ယှက်နဲ့တော့"

"အော့" အသံပြုလိုက်ပြီး ဘီစကွတ်တစ်ချက်ကိုယူကာ ဖြေးဖြေးချင်းစားလိုက်သည်။

တင်းကျိကတော့ စာရွက်ပေါ်စဆွဲနေပြီဖြစ်သည်။လင်ဝူယွီနှစ်ခေါက်ကြည့်ပြီးမှ ပါးကွဆွဲနေကြောင်းသိလိုက်ရသည်။ထူးခြားနေတဲ့သင်္ကေတကိုတော့ သူမကြည့်တတ် တင်းကျိကတော့ ဟောနိုင်မယ်ထင်တယ်

"ငါ့အဖွားဆိုရင်တော့ မျက်စိမှိတ်ဆွဲနိုင်တယ် ငါကတော့မကျွမ်းကျင်လို့ ပုံကြမ်းပဲရတယ်" ဆွဲပြီးခဏရပ်လိုက်ကာ စာရွက်ကိုခဏစိုက်ကြည့်ပြီးမှ ခေါင်းမော့လာသည်။

ဘီစကွတ်ကိုပါးစပ်ထဲထည့်လိုက်ပြီး လင်ဝူယွီမျှော်လင့်နေသည် : "တွက်လို့ရပြီလား?"

"အင်း" တင်းကျိခေါင်းညိမ့်လိုက်ကာ စက္ကူကိုဆုပ်လိုက်ပြီး ဘေးကအမှိုက်ပုံးထဲပစ်လိုက်သည်။

"ငါဘာလာလုပ်တာလဲ?"

"လူလာရှာတာ"

လင်ဝူယွီဘာမှမပြောတော့ပဲ မစ်တီးနှစ်လုတ်သောက်ပြီးမှ ပြုံးလိုက်သည်။

ပြုံးနေတာရပ်လို့မရတော့

"မင်းငါ့ကိုတွက်ခိုင်းတာနော်" ခုံပေါ်မှီလိုက်ပြီး တင်းကျိလက်ပိုက်လိုက်သည် "တွက်ဖို့မလိုဘူးလို့ ငါပြောပြီးသား"

ယုံကြည်ချက်လွန်ကဲသောWhere stories live. Discover now