Part 4

107 20 2
                                    

Unicode

"ပြန်တော့မလို့လား အလှလေးရဲ့"

သီချင်းဆိုပြီးတာနဲ့ အိမ်ပြန်ဖို့အတွက်
အဆောက်အဦးရဲ့ အနောက်ပေါက်ကနေ
ထွက်လာခဲ့သော်လည်း လာနှောင့်ယှက်နေသော
ယောကျာ်း၂ယောက်နဲ့ တိုးသည်။

ပွဲထဲမှာလည်း အကြာကြီးမနေချင်ပါ။
Kim Jisoo က ဒီ‌လို‌ပျော်ပွဲရွှင်ပွဲတွေနဲ့ မရင်းနှီးတော့တာကြာပြီလေ။

စီနီယာတွေက အကူအညီတောင်းလို့သာ
ဒီညပွဲကို လာရောက်ဖျော်ဖြေပေးခြင်း ဖြစ်သည်။

"ငါ့ဘာသာ ဘာလုပ်လုပ် နင်တို့နဲ့ ဘာဆိုင်လဲ"

"ကြားထားတဲ့အတိုင်း ပန်းလေးက
မာနကြီးတာပဲကွ"

"အခုချက်ချင်း ငါ့ရှေ့ကဖယ်ပြီး ကိုယ့်လမ်းကိုယ်သွားကြစမ်းပါ"

သူမစကားကို အရာမသွင်းတဲ့အပြင်
သူမအနားကိုတောင် ပိုတိုးကပ်လာသေးသည်။

ဒါက နောက်ဖေးလမ်းကြားလိုဖြစ်နေတော့
အကူအညီတောင်းဖို့ကလည်း လူမရှိ။

သူမ အော်ရင်တောင်
တစ်ယောက်မှကြားမှာမဟုတ်။
ပွဲထဲက လူတွေကလည်း သူတို့ခံစားချက်နဲ့သူတို့
ပျော်ရွှင်နေကြတာလေ။

"ဒီညငါနဲ့အတူနေရအောင်"

ပွင့်လင်းရိုင်းစိုင်းလွန်းတဲ့ အရှေ့က
တိရစ္ဆာန်ရဲ့စကားကြောင့် ဒေါသဟာ
အလိပ်လိုက် ထွက်လာရတော့သည်။

Kim Jisoo ကိုများ
ဘယ်လိုအတန်းစား ထင်နေလဲမသိ။

"နင်တို့ ပြဿနာမတက်ချင်ရင် အခုချက်ချင်း
ငါ့ရှေ့က ဖယ်နော်"

"စွာလိုက်တာကွာ...ခဏနေရင်တော့
နင်ငါ့နာမည်ကို ညီးနေအောင် လုပ်ပေးတော့မှာပါ"

ဖြောင်း#

သည်းညည်းမခံနိုင်တော့တဲ့အဆုံး
အဲ့ကောင်ရဲ့ ပါးတစ်ဖက်ကို အားနဲ့ရိုက်ချလိုက်သည်။

သူ့ခေါင်းက လည်ထွက်သွားသလို
သူ့ဘေးက မျိုးမစစ်လည်း အတော်လန့်သွားပုံ။

"နင်ကများ ငါ့ကိုရိုက်ရဲတယ်ပေါ့လေ"

သူမကို လက်ပြန်ရွယ်လာသော
ကောင်စုတ်ကြောင့် မျက်လုံးတွေမှိတ်ချမိ
လိုက်သော်လည်း အတန်ကြာသည်အထိ
သူမကို မထိခိုက်လာလို့ ကြည့်လိုက်တော့
အဲ့တိရစ္ဆာန်ရဲ့ လက်ကို ကိုင်ရင်း
တားထားသော လူတစ်ယောက်ကိုတွေ့သည်။

FLOWER Where stories live. Discover now