Unicode
ဂွမ်ဂျူမှာ အနေကြာလာတာနဲ့အမျှ
ဒီမြို့က အရာအားလုံးဟာ
သူနဲ့ဖြေးဖြေးချင်း အသားကျလာသည်။
တချို့အရာတွေအပေါ်တော့
သံယောဇဉ်ပိုတွယ်မိတာပေါ့။အဲ့တချို့အရာတွေရဲ့
ထိပ်ဆုံးမှာတော့ သေချာပေါက်
အမျိုးသမီးက နေရာယူထားသည်။"ဘာမှာမလဲ ခင်ဗျ"
စားပွဲထိုးလေးအသံကြောင့်
အတွေးစ,တွေ ခဏရပ်ကာ
မီနူးကတ်ကို ဟိုလှန်ဒီလှန် ကြည့်ရသည်။"ကျွန်မ မိတ်ဆွေတစ်ယောက်ကိုစောင့်နေတာ၊
သူလာမှပဲ မှာတော့မယ်နော်""ရပါတယ်ခင်ဗျ၊ ရေနွေးကြမ်းသုံးဆောင်ရင်း
စောင့်နိုင်ပါတယ်"သူ ခေါင်းပဲပြန်လည်ညိတ်ပြရင်း
တုန့်ပြန်လိုက်သည်။မီနူးကို မွှေနှောက်သော်လည်း
ချိန်းဆိုထားတဲ့ အမျိုးသမီးက
မရောက်လာသေးတော့
ဘယ်အရာမှ သဘောမတွေ့ပါ။တွေ့ကြရအောင်ဆိုပြီး ဖုန်းခေါ်ဆိုကာ
အချိန်းအချက်လုပ်တဲ့နေ့ကို
Park မှတ်မိပါသည်။အမျိုးသမီးဘက်က စတင်ချိန်းဆိုမှုလည်းဖြစ်၊
ပထမဆုံး ကော်ဖီဒိတ်လည်း ဖြစ်လို့
သူစိတ်လှုပ်ရှားလွန်ကာ စောရောက်နေခြင်း။ကော်ဖီဆိုင်ရဲ့ အလယ်ဝိုင်းလေးမှာဖြစ်လို့
မှန်နဲ့ကာရံထားတဲ့ လမ်းဘက်ခြမ်းကို
ရှင်းရှင်းလင်းလင်း မြင်နေရသည်။ဂွမ်ဂျူမြို့လေး သက်ဝင်လှုပ်ရှားနေပုံက
သာမန်ဆန်သလို ရိုးရှင်းပြီးလှသည်။တခါတရံ ကျောင်းသားသပိတ်ကိုရှင်းတဲ့အခါ
မြင်တွေ့ရတဲ့ ပုံရိပ်တွေကတော့ ထင်သလောက်
မရိုးရှင်းဘူးပေါ့။လက်ဖက်ခြောက်နံ့ သင်းနေတဲ့
ရေနွေးကို အရသာခံရင်း
မျက်စိရှေ့ နေရာယူသွားတဲ့
နုနုဖတ်ဖတ် အဖြူရောင်လေးကြောင့်
အလိုလို ပြုံးမိလျက်သား။ဆိုင်ထဲကို ဝင်လာသည်နှင့်
တပြိုင်တည်း မွှေးပျံ့လာတဲ့
ပန်းရနံ့တွေကလည်း လှတာပဲ။Park ဆီကို လှမ်းလာနေတဲ့
အမျိုးသမီးရဲ့ ခြေဖမိုးလေးတွေကလည်း လှတာပဲ။

YOU ARE READING
FLOWER
FanfictionDear Flower, ကျွန်မတစ်ယောက်ကိုသာလျှင် ဆွတ်ချူခွင့်ပေးရန် လေးစားစွာဖြင့် Park Dear Flower, ကြၽန္မတစ္ေယာက္ကိုသာလ...