Unicode
"ဟယ်လို Lala ငါပါ"
"Park နင်အခုထိပြန်မလာသေးဘူးလား"
"ငါဒီည ပြန်မလာဖြစ်တော့ဘူး၊ အမျိုးသမီးနဲ့တွေ့တာနဲ့ သူ့အိမ်မှာပဲ အိပ်လိုက်မလို့"
"........"
သူ့စကားကြောင့် Lala အတော်
အံ့သြနေပုံရသည်။
တော်တော်နဲ့ အသံထပ်ထွက်မလာတော့ပါ။"Lala နင်ငါပြောတာကြားရဲ့လား"
"ဟင်...အွန်းအွန်း ...ကြားတယ်ဟ၊
ငါအံသြသွားလို့ပါ...ကောင်းပြီလေ၊
နှစ်ယောက်သား အချိန်ကုန်လာခဲ့"ဖုန်းပြောနေတယ်ဆိုတာ သိသော်လည်း
ခေါင်းညိတ်လျက် ပြန်တုန့်ပြန်ကာ
ဖုန်းချလိုက်ရသည်။ညမထွက်ရအချိန် နီးကပ်နေလို့
အိမ်မှာပဲ အိပ်သွားဆိုတဲ့
အမျိုးသမီးစကားကို မလွန်ဆန်နိုင်ပါ။ရင်တွေတော့ ခုန်ရပါသည်။
အမျိုးသမီးရဲ့ အနမ်းကိုရပြီးတည်းက
အခုန်မရပ်တော့တာ။"သူငယ်ချင်းကို ဖုန်းဆက်ပြီးပြီဆိုရင်လည်း
ထမင်းစားခန်းထဲ လာခဲ့ပါဦးကွယ်"တစ်ယောက်တည်း တွေးနေမိချိန်
အမျိုးသမီးရဲ့ စကားကြောင့်
ထမင်းစားခန်းကို လျှောက်သွားရသည်။တစ်ဖက်က Lala မှာတော့
ကျသွားတဲ့ ဖုန်းကိုကြည့်ရင်း
ပါးစပ်အနည်းငယ်ဟ,ကာ"Park ကဒီလိုကျ ငါ့ထက်သွက်နေပါလား"
ချစ်မိနေတဲ့သူဟာ Flower ဆိုပြီး
ပြောလာတုန်းက သူရော Jen ရော
မယုံနိုင်ဖြစ်ခဲ့ကြသည်။ကျောင်းပွဲမှာဆုံရင်း တစ်ခါလေး
မျက်နှာချင်းဆိုင်ဖူးတာ မှန်သော်ငြား
Park တကယ်ချစ်မိနေမှန်းတော့
ခံစားလို့ရပါသည်။Park က အစွဲအလမ်းကြီးတဲ့သူမို့
Flower ဆိုတဲ့တစ်ယောက်
သူ့ကိုပြန်မချစ်မှာကိုပဲ Lala ကြောက်သည်။တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော
Lala သူငယ်ချင်းကို အချစ်ကြောင့်
နာကျင်ရတာမျိုး မဖြစ်စေချင်။🌻
"ကင်မ်ချီ ထမင်းကြော်စားကောင်းရဲ့လား"
YOU ARE READING
FLOWER
FanfictionDear Flower, ကျွန်မတစ်ယောက်ကိုသာလျှင် ဆွတ်ချူခွင့်ပေးရန် လေးစားစွာဖြင့် Park Dear Flower, ကြၽန္မတစ္ေယာက္ကိုသာလ...