Part 9

184 35 9
                                    

Unicode

"မောင် ဘာလို့ မျက်နှာက သွေးမရှိသလိုဖြစ်နေတာလဲ"

သူ့မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး
မေးလာတဲ့ Jennie ရဲ့ စကားကို
ဘယ်လိုဖြေရမလဲ သူမသိ။

ထူးထူးဆန်းဆန်း ပြောစရာရှိလို့လာခဲ့ခိုင်းတဲ့
သူမ ဘာပြောမလဲဆိုတာကို ကြောက်နေတာနဲ့တင်
လူက ရင်တွေတုန်နေသည်။

"အိပ်ရေးသိပ်မဝလို့ပါ"

"ဘာလဲ မောင် အိပ်မပျော်ဘူးလား၊
ငါ့ကြောင့် အိပ်ရေးပျက်တာလား မောင်"

"မဟုတ်ပါဘူး Jen ကြောင့်မဟုတ်ဘူး၊
မောင် ပြန်အိပ်မရရုံပါ"

"မောင် .....ငါအခုပြောမယ့်အကြောင်းကိုသိရင်
ပိုပြီး အိပ်မရဖြစ်တော့မယ်ထင်တယ်"

အရင်လို နူးညံ့ကြင်နာမှုတွေ ကင်းမဲ့နေသည့်
မျက်ဝန်းများနှင့် ချစ်ရသူကို သူအကြာကြီး
စိုက်မကြည့်နိုင်ပါ။

အိပ်မရဖြစ်တော့မယ်ထင်တယ်ဆိုတဲ့
စကားနဲ့တင် လက်ဖျားခြေဖျားတွေ အေးစက်လာသည်။

နဖူးတစ်ဝိုက် ချွေးစေးတွေပင် ကပ်ငြိနေပြီ။
ဘာကို အဲ့လောက်ထိ ကြောက်နေမိမှန်းလဲမသိ။
သေချာတာတော့ လိပ်ပြာမလုံရသည့်
ကိစ္စတွေဖန်တီးထားသူဟာ ကိုယ်သာဖြစ်သည်မို့
ပိုကြောက်နေမိတာ ဖြစ်မည်။

"ဘာမို့လို့လဲ....Jen"

"လမ်းခွဲရအောင် ....လမ်းခွဲမှကို ဖြစ်တော့မှာ မောင်"

"ဘာလို့လဲ၊ မောင်လုံးဝ လမ်းမခွဲပေးနိုင်ဘူးနော်၊
မောင် Jen ကိုဘယ်တော့မှမပြတ်ပေးနိုင်ဘူး"

"အဟွန်း....ငါနဲ့လမ်းခွဲလိုက်ရင် မောင်ပိုလွတ်လပ်မှာလေ၊ ဖောက်ပြန်ရာတောင်မရောက်ပဲ မောင်ပိုပြီး
လူ့ကျင့်ဝတ်နဲ့ ညီသွားမှာမဟုတ်ဘူးလား"

ခနှဲ့ သံ အနည်းငယ်စွတ်နေသည့် သူမ စကားများ‌ကြောင့် Lala အံ့ဩကာငြိမ်သက်နေမိသည်။

သူသိတဲ့ Jennie Kim ဟာ ဒီလိုလေသံမျိုး၊
ဒီလို‌အပြောမျိုး မရှိပါ၊ လုံးဝကိုမရှိတဲ့ မိန်းကလေး။

ဒါတွေဘယ်လိုတတ်လာတာလဲ၊
Park Chaeyoung ရဲ့ပယောဂတွေများလား။

"မောင် Jen ကိုချစ်တယ်လေကွာ၊
မောင့်မှာ Jen မရှိလို့မှမဖြစ်တာ.....
မောင်ဆိုးတာ ဝန်ခံပါတယ်၊ ဒါမယ့် မောင်ကတိပေးတယ်၊ မောင်လိမ္မာမယ်နော်"

FLOWER Where stories live. Discover now