Part 1

379 55 15
                                    

Unicode

အောက်တိုဘာလ၂ရက်၊ ၁၉၈၀ခုနှစ်၊
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့။

အမှောင်ချထားတဲ့ အခန်းကျဥ်းထဲ
လက်နှိပ်စက်သံ တဗြောင်းဗြောင်းသာ
ကြီးစိုးနေသည်။

မီးရောင်ဆိုလို့ အခန်းဝမှာ ချိတ်ထားတဲ့
မီးအိမ် အသေးလေးပဲ ရှိလေရဲ့။

အရေးကြီးအကြောင်းကိစ္စ အမှာပို့ဖို့
အခန်းထဲဝယ် ဆံပင်ရွှေအိုရောင်တွေရှိတဲ့
ကောင်မလေးဟာ လက်နှိပ်စက်ကို
အသည်းအသန် ရိုက်နှိပ်နေခြင်း။

Mommy,
ဘွဲ့နှင်းသဘင် အခမ်းအနားပြီးတဲ့အခါ
ဩစတြေးလျ ကို Park ပြန်လာဖြစ်မှာမဟုတ်ဘူး။
တောင်ကိုရီးယားကို Lala နဲ့လိုက်သွားဖို့
ဆုံးဖြတ်ထားတယ်။ ကျန်းမာရေးဂရုစိုက်ပါ။
Park စိတ်ချချင်တယ်။

"ဒီလောက်ဆို အဆင်ပြေပါပြီ"

ထိုစာကို ရေးဖို့ အချိန်ယူခဲ့တာ
တစ်နာရီကျော်ကျော် ကြာမြင့်သွားသည်။
ပြောချင်သည့် အကြောင်းတွေ များပေမယ့်
အတိုချုံ့လိုက်သည်။

ဒီစာလွှာကို Mommy ဖတ်ရတဲ့အခါ
Park ကိုစိတ်ဆိုးမှာသေချာပေမယ့်
ကိုရီးယားကို ရောက်ဖူးချင်တဲ့
စိတ်ကအလွန်များနေတာကြောင့် မတတ်နိုင်ပါ။

ကျွီ#

ကျောဘက်က အသံကြောင့် ချာခနဲ
ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ Lala..

"အခုမှပြန်လာတယ်ပေါ့"

"ငါအမြဲဒီလိုအချိန်တွေမှ ပြန်ရောက်နေကျဟာကို၊
အထူးအဆန်း လုပ်လို့"

Lala ရောက်လာမှပဲ အခန်းက
ထိန်လင်းသွားတော့သည်။
မီးခလုတ်တွေ ဖွင့်ချလိုက်တာကိုး။

ထိန်လင်းသွားတဲ့ အခန်းအလယ်က
Lala ပုံစံကိုကြည့်ရင်း သူခေါင်းရမ်းလိုက်မိသည်။

"နင်ကတော့ တကယ့်လူဆိုးကောင်ပဲ Lala"

သူ့စကားကို ရယ်သံကျယ်ကျယ်နဲ့ တုန့်ပြန်တဲ့ Lala ကို ဂရုမထားတော့ပဲ ခုနက စာကိုသာ ပြန်ဖတ်နေလိုက်သည်။

"ငယ်တုန်းလေး ဆိုးထားရတာ Park ရဲ့"

အခန်းထောင့်မှာ အသင့်ရှိတဲ့ မွေ့ယာပေါ်
ပစ်လှဲချရင်း အော်ပြောလိုက်သည်။

FLOWER Where stories live. Discover now