Unicode
"အထုပ်တွေ တင်ပြီးပြီနော် ဟိုကောင်မလေးနှစ်ယောက်ပဲကျန်တော့တယ် အကုန်စုံနေပြီ"
Park တို့ကလည်း ဝိုင်ခြံကိုအလည်သွားဖို့
အစီအစဉ်ရှိသလို Lala တို့ကလည်း
တစ်နေရာရာသွားဖို့ရှိတယ်ဆိုတာကြောင့်
နှစ်တွဲလုံး ဝိုင်ခြံသွားဖို့သာ ဆုံးဖြတ်လိုက်သည်။နှစ်တွဲဆိုပေမယ့် Park နဲ့ အမျိုးသမီးကတော့
ချစ်သူတွေမဟုတ်ပါဘူးလေ၊
ဒီခရီးကပြန်ရောက်ရင်တော့ အကြောင်းထူးချင်
ထူးလာနိုင်သည်ဟု တွေးမိတော့ Park ကြိတ်ပြုံးရသည်။"Jen...လာတော့လေ၊ Flower ကိုပါခေါ်ခဲ့ပါအုံး၊
ဒီမှာ အားလုံးစုံနေပြီလို့""လာပါပြီတော်....အသက်မရှူစတမ်းကို
ခေါ်နေတော့တာပဲ မောင်ရယ်""ဟုတ်ပါ့.... Jennie ရဲ့ လူက အရမ်းဇွတ်နော်၊
တို့တစ်ယောက်လို မအုံ့မနွေးတော့မဟုတ်ဘူးပဲ"အမျိုးသမီးစကားကြောင့် Park မျက်နှာတစ်ခုလုံး
ရှက်စိတ်ဖြင့် နွေးသွားသည်။အမျိုးသမီးရဲ့ မအုံ့မနွေးဆိုတဲ့ စကားကြောင့်လား၊
ဒါမှမဟုတ် တို့တစ်ယောက်ဆိုတာကြောင့်လား
Park ပင်မသိ၊ သေချာတာတော့ အမျိုးသမီးကြောင့်
ရှက်သွေးဖြာရတာ။"အဲ့တာတော့ဟုတ်တယ် Flower ရဲ့ ....
သူကအမြဲအဲ့လိုဖြစ်နေလို့ အင်္ဂလန်မှာနေတုန်းကလည်း တစ်ယောက်တည်းအထီးကျန်နေရှာတာလေ၊အခုဂွမ်ဂျူရောက်တုန်းရောက်ခိုက်တော့
Lala ဖြင့် ဟောဒီကသူငယ်ချင်းကြီးကို
တစ်ယောက်လောက် ရသွားစေချင်တယ် ဟီး""ကဲ...တော်တော့...အဲ့တာနဲ့နောက်ကျတော့မယ်၊
ကားပေါ်တက်ရအောင်၊ ပြီးရင်သွားကြမယ်လေ"သူတို့စကားတွေဆက်ပြောရင် Park ပင်
အရင်မပြောရသေးတဲ့ အကြောင်းများကို
Lala နှုတ်မှ လွှတ်ခနဲ ထွက်သွားမည်ဆိုးသဖြင့်
အမြန်စကားဖြတ်ကာ ကားပေါ်တင်ရသည်။အမျိုးသမီးအိမ်က ကားတစ်စီးနှင့်ပဲ
Park တို့သွားခြင်းဖြစ်သည်။
အဖိုးကတော့ အတော်ဝမ်းသာနေပုံရပါသည်။အိမ်တွင်းပုန်းတတ်သည့် သူ့မြေးမလေး
အကြာကြီးနေမှ တခါဒီလိုခရီးထွက်ခြင်းမို့
Park အား တစ်ခါတည်းခေါ်ထားလိုက်ဖို့တောင်
စနောက်နေသေးသည်။

YOU ARE READING
FLOWER
FanfictionDear Flower, ကျွန်မတစ်ယောက်ကိုသာလျှင် ဆွတ်ချူခွင့်ပေးရန် လေးစားစွာဖြင့် Park Dear Flower, ကြၽန္မတစ္ေယာက္ကိုသာလ...