-LITTLE ARCANE - 1 - Unicode

2.2K 144 20
                                    

-LITTLE  ARCANE   - 1 -



-


-



-



" ရိပေါ်လေး လာလေ "

"ဟုတ်ကဲ့ လုကျဲ "



မျက်‌လုံးလေးကလယ်ကလယ်ဖြင့် အထုတ်ကလေးပိုက်လျက် လုကျဲနောက်လိုက်လာခဲ့သည့် ကောင်ကလေး...။

ဆံပင်ကလေးမှာ စုတ်ဖွားဖွားဖြင့် မညှပ်ထားသည်မို့ ညှဉ်သိုးသိုးဖြင့်...

"

"

"

ရိပေါ်ရဲ့ဘဝအစကိုပြောရရင် ကလေးဘဝကတည်းက စရမလား..

ရိပေါ်သည် တကယ်တမ်း တစ်ကောင်ကြွက်ကလေးဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ ဝမ်လင်မယားနှစ်ယောက်က ကောက်ယူမွေးစားခဲ့သည်။

ရွာဇနပုဒ်ကလေးမို့ အသိပညာဖွင့်ဖြိုးခြင်းလည်းမရှိသည်မို့ ရှေးရိုးစွဲတို့ဖုံးလွမ်းသည့်အရပ်ဒေသပင်။

ရိပေါ်သည် တခြားကလေးများနှင့်မတူ နှစ်နှစ်သားအရွယ်မှသာ စကားစပြောခဲ့သည်။

သိပ်မကြာခင်မှာပဲ  ဖခင်ဖြစ်သူသည် ဆုံးပါးသွားခဲ့သည်။
တစ်ရွာလုံးက အမြင်မကြည်ကြသော်လည်း
မားမားကတော့ ချစ်စမြဲချစ်နေဆဲပင်။

မိန်းမသားတစ်ဦးဖြစ်သည်မို့ လယ်ယာလုပ်ငန်းလုပ်ကိုင်ရသည်မှာ လုပ်ငန်းမတွင်၍ စီးပွားရေးကျသည်အား ရိပေါ်ကြောင့်ဟုပြောကာ ရိပေါ်အား စွန့်ပစ်ကြရန် ‌မားမားကို တိုက်တွန်းကြသည်။

မားမားကတော့ ဘယ်သူဘာပြောပြော ရိပေါ်လက်ကို ဆွဲ၍ မုန့်လုပ်ရောင်းခြင်း၊အဝတ်လျှော်ခြင်း၊‌သစ်ပင်များအား ပေါင်းသင်ခြင်း စသဖြင့် လုပ်ကိုင်၍ ရိပေါ်အား ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

ရိပေါ်သည် ငယ်ငယ်ကတည်းက ရိုးရိုးအအကလေးပေမို့ ကျောင်းတက်ရသည့်အရွယ်တွင် သူများကလေးများ၏ စနှောက်ခြင်းအားခံရသည်။

အာဟာရချို့တဲ့မှုကြောင့် ပိန်ပိန်သေးသေးရိပေါ်ကလေးသည် အများကလေးများထက် ပိန်ညှပ်၍ သေးသေးကလေးသာရှိ၏။

LITTLE  ARCANE // Z S W W  // Completed✅Where stories live. Discover now