-LITTLE ARCANE - 3 - Unicode

1K 93 4
                                    


-LITTLE  ARCANE   - 3 -

-

-


-----


ရိပေါ် ရှောင်းသခင်လေးရဲ့ စာကြည့်ခန်းထဲမှာ ရှောင်းသခင်လေးနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတာ နာရီဝက်တိတိရှိပြီ။

ရှောင်းသခင်လေးရဲ့စူးရဲတဲ့အကြည့်တွေသာ ကျည်ဆန်တွေဆို ရိပေါ်ကိုယ်လုံးရစရာတောင်ရှိမည်မထင်။

" မင်း တစ်ခုခုပြောစရာမရှိဘူးလား.."


"........"

ရိပေါ် ဘာပြောရမလဲတကယ်မသိ။
မျိုးရိုးနာမည်မပြောပြမိတာက အဲ့လောက်အပြစ်ကြီးမှန်းရိပေါ်တကယ်မသိပါ။


" ကျစ်.. သွား ငါ ရေချိုးတော့မယ် ပြင်ဆင်ထားလိုက် .. "

" ဟုတ်.. ဟုတ်ကဲ့.."

" ခေါင်းပါ‌လျှော်မယ် "

" ဟုတ်.. ဟုတ်ကဲ့ဗျ .."

ရှောင်းသခင်လေးကို ခေါင်းလျှော်ပေးခြင်းအလုပ်က ရိပေါ်အတွက်မခက်ခဲပါ ...။

ရိပေါ်ရဲ့လက်တွေက ရှောင်းကျန့်ခေါင်းပေါ် တ‌ရွရွပြေးနေပြီး ငြင်သာလှသည်။
စိတ်ရှည်လက်ရှည်နဲ့လုပ်ပေးနေမှန်းသိသာ၏။

ရှောင်းကျန့် တကယ်မကျေနပ်ပါ။
သူ ဘာလို့ အဲ့လောက် အကဲဆက်နေလဲ ကိုယ့်ကိုယ်ကို နားမလည်၊

ကွမ်းကွမ်းဆိုတာ ရှောင်းကျန့်ရဲ့သူငယ်ချင်းအရင်းကြီး။
ဒီနေ့ ကိစ္စနဲ့ပက်သက်ပြီး ပထမဆုံးအကြိမ် ကွမ်းကွမ်းကို အလိုမကျဖြစ်မိခြင်း။

ဒေါသအ‌ေလျာက်တွေးတောနေသည်မို့  ရိပေါ် ခေါင်းလျှော်ခြင်းအမှုအား ပြီးစီးသွားသည်ကို ရှောင်းကျန့်မသိလိုက်ပါ။


" ရှောင်းသခင်လေး ပြီးပါပြီ .."

" အဲ့လောက်တောင်မြန်လား.."

မျက်မှောင်ကျုံကာ ရေရွတ်လိုက်သည်မို့ ရိပေါ် ဘာပြောရမလဲမသိ။
ဒီထပ်ကြာရင် နှစ်ယောက်လုံးအအေးပတ်ပြီး ဖျားကိန်းစိုက်တော့မဲ့ဟာကို.. ရှောင်းသခင်လေးအတွေးတွေ ဘယ်ပျံ့နေတာပါလိမ့်။

LITTLE  ARCANE // Z S W W  // Completed✅Where stories live. Discover now