-LITTLE ARCANE -9- ⚠︎⚠︎ Zawgyi-
AN/ -⛔ ဝက်သားရှယ်ကြိတ်ခန်းပါ ‼️
ကလေးများနှင့် မကြိုက်သောသူများ ရှောင်စေချင်ပါတယ်ဗျ👉👈💜
အနှစ်ချုပ် -- 👇
ဒီအပိုင်းမှာ ရိပေါ်က ရှောင်းကျန့်ကို အဖြစ်မှန်ရှင်းပြလိုက်နိုင်ပေမဲ့လဲ အစားခံလိုက်ရတာပါပဲ
_
-
---
ရိပေါ် ခွေးစာတွေမစားနိုင်တော့လို့ ကိုကိုနဲ့ဟွမ်ကောကို ထားပစ်ခဲ့သည်။
သူ တိုက်ခန်းကို စောစောပြန်ပြီး အေးဆေးအနားယူရမည်။ညစာက ထူးထူးဆန်းဆန်း ဒီနေ့ deli service က ရောက်မနေပါ။
ဘာပဲဖြစ်ဖြစ် အိမ်မှာ ပဲနို့နဲ့ ပေါင်မုန့်တစ်ခုရှိသည်မို့ ဒီညတော့အဲ့ဒါလေးနဲ့ ဗိုက်ဖြည့်ရတာပေါ့..။
အိုး ရိပေါ် အကျင့်တွေ ပျက်နေတာပဲ...
အခန်းထဲ သော့ဖွင့်ကာ ဝင်လိုက်စဉ်မှာပဲ အနောက်မှ တစ်စုံတစ်ယောက်ကပါ လိုက်ဝင်ခဲ့သည်။
မှတ်မိနေတဲ့ကိုယ်သင်းရနံ့ကြောင့် ရိပေါ် ဘာမှပင် လှည့်မပြောလိုက်ရ..၊ဒုန်းကနဲ တံခါးဆောင့်ပိတ်သံနဲ့အတူ ရိပေါ်ရဲ့ ကိုယ်ပိုင်အိပ်ရာလေးပေါ်တွင် ဖိနှိပ်ခြင်းခံစားရသည်။
ထပ်တူညီတဲ့ဒီအခြေအနေက ဟိုရက်ကနဲ့တူတူပဲ..၊
ဒီတခါတော့ ရှောင်းကျန့်က အရက်မူးမနေပါ..။မေးရိုးတွေတင်းနေပြီး မျက်မှောင်များကျုံ့ထားသည်။
အပေါ်ထပ်အင်ကျီကို အလျင်စလိုချွတ်ပစ်လိုက်ပြီး တစ်ထည်တည်းသာ ကျန်သော အင်ကျီမှာလည်း ကြယ်သီး 3လုံးခန့်ပြုတ်နေပြီဖြစ်သည်။တောင့်တင်းနေသည့်ရင်အုပ်ကြီးနှင့် လျော့ရဲနေတဲ့ necktieနဲ့ စူးရဲနေတဲ့မျက်ဝန်းတွေ...။
သေချာပေါက် ပန်းတစ်ပွင့်ကို ကြေမွနေအောင် ဖျတ်ဆီးတော့မဲ့ ဘီလူးတစ်ကောင် အားမာန်အပြည့်ဖြင့်...။
" ဝမ်ရိပေါ်.. ကိုယ် မင်းကို ပထမဆုံးအကြိမ်သတိပေးခဲ့ပါတယ်... မင်း ကျစ်ကွမ်းနဲ့ ပတ်သက်ပြန်ပြီ.. "

YOU ARE READING
LITTLE ARCANE // Z S W W // Completed✅
FanfictionHello Everyone... ✨💜 ရှန်ဟိုင်မြို့ကို ရည်ရွယ်ချက်တစ်ခုကြောင့် တက်လာတဲ့ ကောင်ကလေးက ရှောင်းအိမ်တော်မှာ ဥယျာဥ်မှူးအနေနဲ့ အလုပ်လျှောက်ခဲ့တယ်... ဂုတ်ထောက်ဆံပင်လေးတွေက အမြဲဖုံးအုပ်နေတာမို့ တောက်ပတဲ့မျက်ဝန်းတွေကို မြင်ရဖို့ေတာင်ခက်ခဲတယ်... အဲ့ဒီအချက်...