-LITTLE ARCANE - 4 -
Little Warning ‼️‼️⚠️
@
@
@@@@@
အချိန်အားဖြင့် ၄/၅လနီးပါးကုန်သွားပြီဖြစ်သည်။ ရိပေါ်အနေနဲ့ တိုးတက်မှုသိပ်မရှိသည်မို့ စိတ်အခြေအနေမကောင်းပေ။
အရင်က နှောင့်ယှက်နေကျ ရှောင်းသခင်လေးကလဲ အခုတလော ညနက်မှပြန်လာတက်ပြီး တခါတလေ လှလှပပမိန်းမငယ်လေးများက လိုက်ပို့တက်သေးသည်။
ဦးလေးလု မအားတဲ့ညတွေဆို ရိပေါ်က တွဲခေါ်ပေမဲ့ အထိမခံပေ။
ရိပေါ်ကလဲ သိတက်သူပီပီ ဦးလေးလုကိုသာ တွဲခိုင်းတော့၏။ဒီနေ့ညနေလဲ ထုံးစံအတိုင်း ရိပေါ် ပန်းပင်ရေလောင်းနေတုန်း ရှောင်းသခင်လေးသည် ရုတ်တရက်ရောက်လာပြီး အတင်းဆွဲခေါ်ကာ ကားထဲ ဝင်ထိုင်ခိုင်းသည်။
" အာ့..!!"
" မင်း ငြိမ်ငြိမ်ဝင်ထိုင်နေစမ်း..!! "
ကားမောင်းကြမ်းလွန်းတဲ့သခင်လေးကြောင့် ဇိမ်ခံကားအကောင်းစားအား စီးနေရပေမဲ့ ရိပေါ်အတွက် မကြာခင်အသက်ပျောက်တော့မည်မို့ နောက်ဆုံးအေနနဲ့ အကောင်းဆုံးအား စံစားသွားရသည်ဟုပင် ထင်လိုက်မိသည်။
အိမ်ဝန်းသည် အတော်လေးကျယ်ပြန့်ပြီး ရိပေါ်မရင်းနှီးသည့်ပတ်ဝန်းကျင်ဖြစ်သည်။
ရိပေါ်အား အကြမ်းပတမ်းဆွဲခေါ်ကာ အိမ်ထဲဝင်လာသည့် ရှောင်းသခင်လေးကြောင့် ရိပေါ်မှာ ကရောသောပါးလိုက်ပါသွားရသည်။
ရှောင်းကျန့် ဝမ်ရိပေါ်အား အခန်းတစ်ခန်းထဲ ဆွဲခေါ်ခဲ့လိုက်သည်။
သူ့ကိုယ်သူ ဘာဖြစ်ချင်နေလဲ မသိဘူး..!!သေချာတာက တကယ် စိတ်တွေရှုပ်ထွေးနေပြီး ရိပေါ်ကို တစ်စစီဆွဲစုတ်ပစ်လိုက်ချင်သည်။
" ဝမ်ရိပေါ်..!! မင်း မင်းလိုလူက ဘာမို့လို့ ငါ့ကို လွှမ်းမိုးနိုင်ရတာလဲ..!! "
ဒီရက်တွေထဲမှာ ဟဲယွီရဲ့စမ်းသပ်မှုတွေကြားထဲအကြိမ်ကြိမ်ကျရှုံးနေပြီး သူ့စိတ်တစ်ခုလုံးကို ရိပေါ်ဆိုတဲ့ကောင်လေးက လွှမ်းမိုးထားတယ်။
YOU ARE READING
LITTLE ARCANE // Z S W W // Completed✅
FanfictionHello Everyone... ✨💜 ရှန်ဟိုင်မြို့ကို ရည်ရွယ်ချက်တစ်ခုကြောင့် တက်လာတဲ့ ကောင်ကလေးက ရှောင်းအိမ်တော်မှာ ဥယျာဥ်မှူးအနေနဲ့ အလုပ်လျှောက်ခဲ့တယ်... ဂုတ်ထောက်ဆံပင်လေးတွေက အမြဲဖုံးအုပ်နေတာမို့ တောက်ပတဲ့မျက်ဝန်းတွေကို မြင်ရဖို့ေတာင်ခက်ခဲတယ်... အဲ့ဒီအချက်...