-LITTLE ARCANE - 5 -
_
_
အဲ့ဒီနေ့အပြီး ရိပေါ်အတွက် တအားအနေရခက်စေတယ်။
သခင်လေးကြောင့် ရိပေါ်က အမြဲလိုလို ဥယျာဉ်ထဲမှာသာ အချိန်ကုန်ဆုံးနေရသည်။
တခါတလေ သခင်လေးရဲ့ အကြည့်တွေကို ရိပေါ်ကြောက်သည်။
ထိုနေ့ကကိစ္စနဲ့ပတ်သက်ပြီး ရိပေါ်ဘက်က စကားအစမခံပါ။
" ရိပေါ် "
" ဟင် !... ဗျာ မမလေး "
မမလေးရှောင်းမီသည် ပုံမှန်ဆို ဥယျာဉ်ထဲ ခြေချတက်သူမဟုတ်ချေ။
လက်ထဲမှ နှင်းဆီပန်းနီနီရဲရဲတစ်ပွင့်အား ကိုင်ဆောင်ပြီး အပြုံးချိုချိုနှင့် ပြောလာခဲ့သည်။" ကျွန်မအခန်းရယ် ကိုကို့ အခန်းထဲက ပန်းတွေ လဲပေးပါဦး.."
" ဟို.. ဟို.. ကျွန်တော် အလုပ်တွေ.. မပြီးပြတ်သေးလို့ နေ့လည်မှ လဲပေးလို့ရမလား "
" အင်း အဲ့လိုဆိုလဲ အဆင်ပြေပါတယ် "
" ဟုတ်.. မမလေးက ဘာပန်းယူမလဲဗျ.."
" ဘာပဲဖြစ်ဖြစ် အမြင်လှရင် ရပါပြီ "
" ဟုတ်ကဲ့ဗျ "
မမလေးရှောင်းမီက အိမ်မှာမရှိတက်ဘဲ ကျောင်းတက်နေသည်ဟုပြောသည်။
အမြဲတမ်းမတွေ့ရပေ..။
နေ့လည်ကျ ရှောင်းသခင်လေး အပြင်ထွက်လေ့ရှိသည်။မတွေ့အောင် အမြဲရှောင်နေသည်မို့ ဒီရက်ပိုင်း ရိပေါ် ဥယျာဉ်ထဲက မထွက်ဖြစ်။
အခန်းဝရောက်တော့ ရိပေါ် မဝင်ရဲဘူး..။
ရှောင်းသခင်လေး ထွက်သွားပြီလားမသိပေမဲ့ ပုံမှန်ဆို ဒီချိန် မရှိတက်ပါ...။
အခန်းထဲအမြန်ဝင်ကာ ပန်းအိုးကို ယူလိုက်သည် အပြင်ပြန်ထွက်မည်အပြု ရေချိုးခန်းမှ ထွက်လာတဲ့ ရှောင်းသခင်လေး။
စူးရဲသည့်အကြည့်တွေကို မြင်ရလိုက်ရတာမို့ ရိပေါ်တစ်ကိုယ်လုံး ကြက်သီးတွေထပြီး တဆက်ဆက်တုန်လာတယ်..။

YOU ARE READING
LITTLE ARCANE // Z S W W // Completed✅
FanfictionHello Everyone... ✨💜 ရှန်ဟိုင်မြို့ကို ရည်ရွယ်ချက်တစ်ခုကြောင့် တက်လာတဲ့ ကောင်ကလေးက ရှောင်းအိမ်တော်မှာ ဥယျာဥ်မှူးအနေနဲ့ အလုပ်လျှောက်ခဲ့တယ်... ဂုတ်ထောက်ဆံပင်လေးတွေက အမြဲဖုံးအုပ်နေတာမို့ တောက်ပတဲ့မျက်ဝန်းတွေကို မြင်ရဖို့ေတာင်ခက်ခဲတယ်... အဲ့ဒီအချက်...