-LITTLE ARCANE -10- Final-Unicode

1.6K 89 8
                                    

-LITTLE  ARCANE   -10- Final




_


_



_____


" ကွမ်းကွမ်း.. ဒီဘက် ဒီဘက် ...!! "



" ရှစ်ကျစ်ကွမ်း ဒီသခင်ကြီးဘက်ကိုနော် ..."


ရှောင်းကျန့် နှင့်  ဟဲယွီတို့သည် ပန်းစီးအား ရရန် နေရာလုနေတော့သည်။
ကျစ်ကွမ်းနဲ့ ဟွမ်ဟွမ်တို့ရဲ့ Wedding party ကို Neo Empireက တာဝန်ယူပြီး သူငယ်ချင်းလဲဖြစ်တဲ့ Huo Ming Hao က ကိုယ်တိုင်စီမံပေး‌‌၏။

ရိပေါ်ကတော့ ဝန်ထမ်းအနေနဲ့ရော ညီအနေနဲ့ပါ တက်ရောက် ဂုဏ်ပြုပေးသည်။

မိဘများရဲ့ဆန္ဒမပါဘဲ နှစ်ဦးသဘောတူလက်ထပ်ပွဲဆိုသော်လည်း ခမ်းနားပါသည်။
ရှကျစ်ကွမ်းရဲ့အသိတွေနဲ့ဟွမ်ကောရဲ့အသိတွေကိုပါ ဖိတ်ကြားထားပြီး မိဘနေရာသည် ကွက်လပ်သာဖြစ်၏။

စေ့စပ်ပွဲလဲ ပျက်သွားပြီး ရှောင်းမီသည် နိုင်ငံခြားသို့ ထွက်သွားလေသည်။
ဝမ်အိမ်တော်၏ကိစ္စရပ်များသည် အပြီးတိုင်အဆုံးသတ်သွားပြီဖြစ်ပြီး၊ ဝမ်သခင်ကြီးနဲ့ ဝမ်ကတော်တို့ကလဲ သားဖြစ်သူတွေကို ပြန်လက်ခံလာအောင် အမျိုးမျိုးကြိုးစားနေကြသော်လည်း မအောင်မြင်ပေ။

ကလေးတွေလို တိုးဝှေ့နေကြတဲ့ရှောင်းသခင်လေးနဲ့ ဟဲသခင်လေးတို့ရဲ့ ပုံရိပ်တွေက မကျသွားတဲ့အပြင် လူတွေကတော့ သဘောတကျကျဖြင့်၊

ရိပေါ်မှာ  ချစ်ရသူကို ငေးကြည့်ပြီး ခေါင်းတရမ်းရမ်း....၊

ရှည်နေပြီဖြစ်တဲ့ ရိပေါ်ရဲ့ဆံပင်တွေကို ရှောင်းကျန့်က ပေးမညှပ်ပေ၊ အခုဆို ရိပေါ်ရဲ့ ဆံပင်တွေက တော်တော်ရှည်နေပြီဖြစ်ပြီး
အဝေးကကြည့်ရင် မိန်းကလေးတစ်ယောက်နဲ့တောင် တူနေပြီ။

အနိုင်ကျင့်ပြီး ချစ်ရေးဆိုတယ်၊  အတွင်းကျကျ ဆက်ဆံရေးပါ တည်ဆောက်ပြီးပြီမို့ ရှောင်းကျန့်ဆိုတဲ့ လူသားက ပင့်ကူတစ်ကောင်လို ရိပေါ်ကို ရစ်နှောင်ထားတော့သည်။

ရိပေါ်ကလဲ ဘယ်တုန်းကမှ မလွတ်မြောက်ချင်တဲ့ ပင့်ကူအိမ်မျှင် ပတ်ပတ်လည်မှာ ပျံဝဲနေတက်တဲ့ လိပ်ပြာကလေးသာဖြစ်သည်။

LITTLE  ARCANE // Z S W W  // Completed✅Where stories live. Discover now