-LITTLE ARCANE -7 - Unicode

1K 92 6
                                    

-LITTLE  ARCANE   -7 -


-


-


----

ရှောင်းကျန့်တို့သူငယ်ချင်း3ယောက် ကဏ္ဍအသီးသီးမှ ပါဝင်ရမည်ဖြစ်သည်။

အဓိက,က ရှောင်းကျန့်နဲ့ ကျစ်ကွမ်းက ပါဝင်လှုပ်ရှားရမည်။

ဟဲယွီကတော့ အကြံဉာဏ်ပေးရန်ဖြစ်သည်။

စေ့စစ်ပွဲကို ပျက်အောင်မလုပ်နိုင်‌ရင်တောင် အချိန်ဆွဲထားရမည်။

ပြီးလျှင် ကျစ်ကွမ်းမှ လက်ဦးမှုရယူကာ ဟွမ်ကျန်းကျဲကို လက်ထပ်လိုက်မယ်။
အဲ့ဒါဆို ရှောင်းမီမီကလဲ ကွမ်းကွမ်းကို လက်လျော့သွားလိမ့်မယ်။

တစ်ယောက်တည်းတိုက်ခိုက်နေတာထက်စာရင် ကာယကံရှင်2ယောက်ဆို ပိုထိရောက်မှာ အသေအချာ...။

ရှောင်းကျန့် ရှားရှားပါးပါး မိသားစုထမင်းဝိုင်းကို မီးစတစ်တစ်စ ချပြလိုက်သည်။
ဝမ်အိမ်တော်ရဲ့အားနည်းချက်ဟုမဆိုသာတဲ့ မီးစသေးသေးလေးသာဖြစ်သည်။

" မိသားစုအမွေအနှစ်လက်ကောက်..."

" ဟုတ်တယ်.. ကျွန်တော် ရှောင်မီကို ကျစ်ကွမ်းလို လူကောင်းတစ်ယောက်နဲ့ရစေချင်တယ်.. ဒါပေမဲ့ ကျစ်ကွမ်း.. ကံကြမ္မာဆိုတာပြောမရဘူးလေ "

" ..... "

" စေ့စပ်ပွဲနေ့မှာသာ မိသားစုအမွေအနှစ်လက်ကောက်ကိုသာ ရမယ်ဆိုရင် ရှောင်မီကို ကျစ်ကွမ်း ငြင်းဆန်လို့မရတော့ဘူးမလား.."

" သားရှောင်း.. အခု မင်းဘာပြောလိုက်တာလဲသိရဲ့လား.. မင်းကွမ်းကွမ်းအပေါ် အခုထိ အခဲမကြေသေးဘူးလား..."

" ကျွန်တော်က အစ်ကိုတစ်ယောက်.. ညီမကို အပြည့်အဝကာကွယ်ချင်တာ သဘာဝကျပါတယ် .."

ရှောင်းကျန့်အနေနဲ့ ရှောင်မီကို ကျစ်ကွမ်းလက်ထဲမထည့်နိုင်ပါ၊
တကယ် ဝမ်အိမ်တော်က အကြံအဖန်လုပ်နိုင်ရင်တောင်  ကျစ်ကွမ်းက ရှောင်မီကို ချစ်လာမှာမဟုတ်ဘူး။

သူ့ညီမကို သူ့ကို မချစ်တဲ့သူလက်ထဲ မထည့်ပေးနိုင်တာ ဘာများမှားလို့လဲ ။

LITTLE  ARCANE // Z S W W  // Completed✅Where stories live. Discover now