-LITTLE ARCANE -8- Unicode

556 68 4
                                    


-LITTLE  ARCANE   -8-


_

_



" ရှကျစ်ကွမ်း.. ကျွန်တော်နာမည်က အစကတည်းက ရှကျစ်ကွမ်းမဟုတ်ဘူးလား.. ဝမ်မျိုးရိုး.. ဟက်* .. ဝမ်မျိုးရိုး ခံယူချင်ပါတယ်လို့ ဘယ်တုန်းက ပြောခဲ့မိတာပါလိမ့်.. "

*ရှ* ဟူသော နာမည်ကြောင့် ဝမ်မားသည် မျက်နှာပျက်သွားသည်။ အစကတည်းက မေ့ထားသည့် ကိစ္စသည် ကွမ်းကွမ်း၏ အစဖော်မှုကြောင့် အနှေးကွက်များဖြင့် ပေါ်ထွက်လာခဲ့သည်။


" ကွမ်းကွမ်း... "

" ပါး.. မပြောနဲ့ ကျွန်တော်က အစကတည်းက ပါးလိုချင်ခဲ့တဲ့သားမဟုတ်တာကို ဘာကို ဝမ်အိမ်တော်ရဲ့ဆက်ခံသူလဲ.. ယုတ္တိမရှိတဲ့ အရေမရအဖက်မရတွေပဲ.. ဟက်* "

" ပြီးတော့.. ဝမ်ဘိုးဘိုးအတွက်.. သား လက်ဆောင်ယူလာပါတယ်ဗျ... "


" .... "

" အာ... ဒါက လက်ကောက်အသစ်ပဲ...  အသစ်လုပ်ထားမှန်း သိသာလွန်းမနေဘူးလား.. ပြီး‌တော့ အဟောင်းက ပိုပြီး လက်ရာမြောက်တယ်..  "

ကွမ်းကွမ်းသည် မိမိတို့မသိသော လျှို့ဝှက်ချက်အား သိနေသည့်အလား စကားဆိုနေသည်။ ဝမ်ဘိုးဘိုးသည်လည်း နီရဲသောမျက်နှာဖြင့် ကွမ်းကွမ်းအား စူးစိုက်ကြည့်နေ၏။

"ဝမ်သခင်... အာ.. အစ်ကိုကျစ်ကွမ်း..  ကျွန်တော် ခင်များတို့ရဲ့ မိသားစုကိစ္စဝင်မပါချင်ပါဘူး.. "

"......"

" ပြောစရာရှိတာပြောပြီး ပေးစရာကိုလဲ သေချာပေါက် ပြန်ပေးမှဖြစ်မှာမို့ အချိန်ခနလောက်ပေးလို့ရမလား..."

" မင်းက.. "

ဝမ်သခင်ကြီးက မသိသလို၊ ဝမ်ဘိုးဘိုးသည်လည်း သိမနေပါ..။
ကွမ်းကွမ်းအခုလိုရိုင်းစိုင်းနေခြင်းသည်  ထိုကောင်လေးနှင့်ပတ်သက်ပေလိမ့်မည်။

" ဝမ်ယွမ်နဲ့ ဝမ်လီယောင်ရဲ့သား ဝမ်ရိပေါ်..."

" ဝမ်ယွမ်... မင်း.. "

ဝမ်ဘိုးဘိုးရဲ့အကြည့်များသည် ဝမ်ရိပေါ်ထံသို့ လွှမ်းခြုံလာ၏။
စိတ်ထဲမှ မဖြစ်ပါစေနဲ့ ဆုတောင်းနေပေမဲ့ လက်ထဲက ငွေအချို့နဲ့ လက်ကောက်က သက်သေဖြစ်နေခဲ့သည်။ 

LITTLE  ARCANE // Z S W W  // Completed✅Where stories live. Discover now