-LITTLE ARCANE - 6 -
-
.
..........
-
ရိပေါ်ရဲ့ညဘက်အလုပ်ကလေးကလဲ အဆင်ပြေပြေပါပဲ...။
သူငယ်ချင်းအသစ်တောင်ရလိုက်သေးတယ်...။
2ယောက်ဆိုတော့ ညရေးညတာ ပိုအဆင်ပြေပြီး နှစ်ယောက်သားအတွဲညီတာမို့ ညီအစ်ကိုအရင်းတွေလိုပင်။
ဟွမ်ကျန်းကျဲ (Huang Jun Jie ) က ရိပေါ်ထက် ကြီးတာမို့ ဟွမ်ကောလို့ ခေါ်ပေမဲ့ ဟွမ်ကောကတော့ ရွယ်တူသူငယ်ချင်းတွေလိုသာ ဆက်ဆံပါသည်။
ရိပေါ်အတွက် ခနခနရောက်လာတဲ့ Deli serviceဆီကအစားအသောက်တွေက ဘယ်ကမှန်းမသိပေမဲ့ ဟွမ်ကောကတော့ လက်ခံစားသောက်တက်သည်။
ညစာအတွက် ကူစားပေးမဲ့သူရှိပေမဲ့ မနက်စာနဲ့နေ့လည်စာအတွက်ကတော့ ရိပေါ်တစ်ယောက်တည်းသာ သုံးဆောင်ရတော့တာပဲ..။
" ဟွမ်ကော... ကျွန်တော်တို့ ဒီ Sunday ကုန်တိုက်သွားကြမလား..."
" ဝယ်စရာရှိလို့လား "
" မဟုတ်ပါဘူး... ဒီတိုင်း ကျွန်တော်တို့ တစ်ခုခုဝယ်ပြီး သောက်ကြမလားလို့..."
" အာ... မဆိုးပါဘူး.. ကောလဲ ကြောင်လေးအတွက် အစာဝယ်ပေးရမှာ အဲ့ဒါ ဝယ်ပြီးတာနဲ့ သောက်စရာတစ်ခုခုဝယ်ပြီး အိမ်ပြန်လာကြတာပေါ့ .. "
" ကောင်းတယ် ကော ဒါဆို ကျွန်တော်တို့ ညနေမစောင်းခင်သွားကြတာပေါ့.. တကယ်ဆို ညဘက်မှ သောက်လို့ကောင်းတာလေဗျာ ဟဲဟဲ "
" ဟားဟား * ကောင်စုတ်လေး အတက်ကောင်းတွေ တက်နေတာ "
" ကောက ကြံရာပါပဲ... Haha "
နှစ်ယောက်သား ရင်းနှီးတဲ့ဆက်ဆံရေးမို့ ရှောင်းကျန့် ကားပေါ်ကနေ မမှိတ်မသုန် ကြည့်နေမိသည်။
ဘားသွားမယ်ဆိုပြီး ထွက်လာပေမဲ့ မနေနိုင်တော့ လာကြည့်မိနေပြန်ရော...
ဘေးနားက ကောင်က ကြာကြာအသက်မရှင်ချင်တော့ဘူးထင်တယ်...။
ကျစ်....*
_
_
ကုန်တိုက်ထဲရောက်တော့ ကြောင်စာကို ဂရုတစိုက် ရွေးဝယ်နေတဲ့ဟွမ်ကောက သူ ကြောင်ပေါက်ကို တော်တော်ချစ်ပုံရတယ်။ ဟိုဖက်အတန်းမှ အနားကိုရောက်လာတဲ့ လူကြောင့် ရိပေါ် ဟချက်နေတဲ့ ပါးစပ်ကို အလျင်အမြန်ပြန်ပိတ်လိုက်ရတယ်။
YOU ARE READING
LITTLE ARCANE // Z S W W // Completed✅
FanfictionHello Everyone... ✨💜 ရှန်ဟိုင်မြို့ကို ရည်ရွယ်ချက်တစ်ခုကြောင့် တက်လာတဲ့ ကောင်ကလေးက ရှောင်းအိမ်တော်မှာ ဥယျာဥ်မှူးအနေနဲ့ အလုပ်လျှောက်ခဲ့တယ်... ဂုတ်ထောက်ဆံပင်လေးတွေက အမြဲဖုံးအုပ်နေတာမို့ တောက်ပတဲ့မျက်ဝန်းတွေကို မြင်ရဖို့ေတာင်ခက်ခဲတယ်... အဲ့ဒီအချက်...