ဂုံးကျော်တံတားအောက် မော်တော်ယဥ်ပေါင်းများစွာ ဥဒဟိုပြေး
လွှားလျှက်။ကားဟွန်းတီးသံတပွမ်မွမ်ကိုလည်း ဆူညံကျယ်လောင်
စွာတစ်ချက်ချက်ကြားနေရသေးသည်။ဂုံးကျော်တံတားအရှေ့မျက်နှာစာ 3D projector screen ပေါ်တွင်
ကင်မ်ထယ်ယောင်းရဲ့နှစ်မိနစ်စာကြော်ငြာကိုပြသနေသည်မှာ
ထပ်တလဲလဲ။ ပလက်ဖောင်းပေါ်ပြာပန်းခတ်မျှသွားလာနေတဲ့
လူအုပ်ကြီးသည် တစ်ချက်တစ်ချက်ဆိုသလို ထယ်ယောင်းရဲ့
ကြော်ငြာ LEDကြီးအားငေးသွားတတ်သည်။ မအားတဲ့ကြား
အလှအပလေးတွေ ငေးရတာကလည်း စိတ်အပန်းဖြေနည်း တစ်
မျိုးမဟုတ်လား။ဂျောင်ကုသည် ထို screenထက်က ကင်မ်ထယ်ယောင်းနဲ့သူ့ဘေးနားရပ်နေသည့် ကင်မ်ထယ်ယောင်းကို
နှိုင်းယှဥ်ကြည့်မိလိုက်သည်။screenထက်က ပုံရိပ်ယောင်
သည် မူလအရင်းအမြစ်ကိုဘယ်လိုမှယှဥ်ပြိုင်မစွမ်းသာ။ စိတ်
ကူးတွေရဲ့ အနားသတ်ပန်းရောင်နယ်နမိတ်ကိုကျော်လွန်ကာ
အိမ်မက်ဆန်ဆန်တည်ရှိသည်။ဆရာကင်မ်ရဲ့ ကြည့်ကောင်းနေ
မူ့ကိုဖော်ပြဖို့ဂျောင်ကုတော်ရုံစကားလုံးရှာမတွေ့။ တံတားသံ
တိုင်ပေါ်လက်တင်ထားတဲ့ ဖြူဖျော့ဖျော့လက်လေးတွေ။
အဲ့လက်လေးတွေရဲ့ပိုင်ရှင် ကင်မ်ထယ်ယောင်းရဲ့ဘေးတစ်စောင်း
မျက်နှာကိုသာ ငေးနေမိသည်။နာမည်ကြီးငွေကြယ်ပွင့်တွေဖြစ်သည်ကြောင့်သူတို့နှစ်ယောက်လုံးရဲ့မျက်နှာကိုဖုံးကွယ်ထားသော်လည်း မျက်ဝန်းတွေကအရောင်တလဲ့လဲ့။နှစ်ဦးလုံးရဲ့အရပ်တွေက ဖြောင့်စင်းမြင့်မားကျသည်။
ဂျောင်ကုထက်အနည်းငယ် ဆရာကင်မ်က ပိုအရပ်ရှည်ကာ
ကိုယ်လုံးပိန်သွယ်သည်။ရင်ဘတ်လက်မောင်းစွန့်ကားကျယ်ပြန့်
မူ့မှာတော့ ဂျောင်ကုကိုထယ်ယောင်းမယှဥ်နိုင်ပေ။နောက်ပြီး
ထယ်ယောင်းကဒီဇာတ်လမ်းတွဲက စိတ်ဆင်းရဲကိုယ်ဆင်းရဲ TaeTaeနဲ့တူအောင်Weight ကိုလည်းချထားရသေး၏။ဒီဂုံးတံတားပေါ်ဘာစိတ်ကူးနဲ့ဂျောင်ကုခေါ်လာခဲ့မှန်းထယ်ယောင်း
ကောင်းကောင်းနားမလည်နိုင်။သူ့ LED ကြော်ငြာပြဖို့တော့
မဟုတ်ဘူးထင်တာပဲ။ဒါဆို ကားထဲမှာပူလို့လေညှင်းခံဖို့လား။
အနာဂတ်အတွက် သေချာစီစဥ် Planချထားသော ထယ်
ယောင်မှာ Car Aircon တောင် ကပ်စေးကျပြီး
မဖွင့်ချင်။