အပိုင်း ( ၁ )

761 79 2
                                    


ဒီနေ့တော့ထိုအမျိုးသမီးဆေးရုံကဆင်းသည်မို့အိမ်အကူအဒေါ်ကြီးဒေါ်မြင့်မှာအောက်ထပ်တွင်အခန်းပြောင်းပြင်ဆင်ရင်းအလုပ်တွေရှုပ်နေကြလေသည် ၊၊

ခဏအကြာတွင်ခြံထဲသို့ကားတစ်စီးရောက်လာပြီးကားပေါ်မှထိုအမျိုးသမီးကိုဝှီးချဲပေါ်သို့ဝိုင်းဝန်းနေရာချပေးကြလေသည် ၊၊

ကျွန်မလည်းထမင်းဆက်စားချင်စိတ်မရှိတော့သည်မို့ထမင်းစားပွဲမှထကာအပေါ်ထပ်အခန်းသို့ပြန်ရန်ပြင်လေသည် ၊၊

ထိုစဥ်အပေါ်ထပ်သို့တက်ရန်လှေကားထစ်ပေါ်ခြေလှမ်းနေစဥ်မှာပဲ
"  ကလေးငယ်  !!  "

ထိုအသုံးအနှုန်းကြောင့်ကျွန်မရဲ့ခြေလှမ်းတွေမှာရပ်တန့်သွားပြီးအလိုမကျစွာဖြင့်သူမဘက်ကို
လှည့်လိုက်လေသည် ၊၊

"  ကျူပ်ကိုအဲ့လိုမခေါ်နဲ့လို့
ခင်ဗျားကိုဘယ်နှခါပြောရမှာလဲ  !!  "

ကျွန်မရဲ့ဒေါသသံကြောင့်ဝှီးချဲပေါ်ကထိုအမျိုးသမီးဟာမျက်နှာလေးတချက်
ငယ်သွားပြီး
" တို့ , မှ မင်းနာမည်ကိုအပြည့်အစုံမခေါ်ချင်တာ"

ထိုစကားဟာကျွန်မထိုသို့ပြောတိုင်းသူမဆီကကြားနေကျစကားသာဖြစ်သည် ၊၊

ကျွန်မလည်းကျွတ်စ်တချက်သပ်ပြီးသူမကိုကျောခိုင်းကာအပေါ်ထပ်သို့တက်ရန်ပြင်လေသည်၊၊

ထိုစဥ်သူမလည်းအားမလိုအားမရဖြင့်ဝှီးချဲပေါ်ကနေကိုယ်လေးရှေ့တိုးကာ
"  နေဦး !!  တို့ , မင်းနဲ့စကားပြောစရာရှိတယ် "

ကျွန်မလည်းလှေကားထစ်တစ်ထစ်ပေါ်တွင်ရပ်ရင်းနှုတ်ခမ်းတဖက်တွန့်ချိုးကာခနဲ့သဲ့သဲ့ပြုံးပြီး
"  ဒါဆိုလည်း ခင်ဗျားအရင်လို
ကျူပ်နောက်ကိုလိုက်နိုင်ရင် လိုက်ပေါ့  !!  "

ထိုအမျိုးသမီးရဲ့အားနည်းချက်ကိုထိုးနှက်ပြီးအောင်နိုင်သူခြေလှမ်းတွေနဲ့အပေါ်ထပ်မှကျွန်မအခန်းဆီသို့မာန်ပါပါလျှောက်သွားလေသည် ၊၊

အောက်ထပ်တွင်ကျန်ရစ်ခဲ့သည့်‌မေခတ္တာမှာတော့နေချိုသွေးပြောခဲ့သည့်စကားကြောင့်
ပါးပြင်ထက်တွင်မျက်ရည်စတွေဖြင့်ဖြစ်နေပါသော်လည်းသူမနှုတ်ခမ်းထက်တွင်တော့အပြုံးတစ်ခုကိုကျေကျေနပ်နပ်ကြီးဆင်မြန်းထားနေသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now