ဆရာမကေသီက white board တွင်ဓာတ်ငွေ့ထုတ်ဖော်ပုံကိုရှင်းရန်ပုံဆွဲနေလေသည်၊၊
ထို့ကြောင့်ကျွန်မအပါအဝင်တစ်တန်းလုံးကတိတ်ဆိတ်ကာပုံလိုက်ဆွဲနေကြလေသည် ၊၊ထိုစဥ်ပြတင်းပေါက်ကနေလိပ်ပြာဖြူလေးပျံသန်းလာသည်မို့ကျွန်မလိုက်ကြည့်နေမိသည်၊၊
လိပ်ပြာလေးဟာလည်းသူတို့ရဲ့ဘာသာဘာဝအတိုင်းမျက်နှာကျက်ကအုတ်နံရံတွင်နားလိုက်လေသည် ၊၊ထိုလိပ်ပြာလေးကတော့ပင့်ကူမုဆိုး၏ထောင်ချက်တွင်ရောက်ရှိနေမှန်းသိမည်မဟုတ်ပေ ၊၊
ပင်ကူမျှင်တွေနဲ့ခြေချူပ်မိနေသည့်ထိုလိပ်ပြာဖြူနားသို့မုဆိုးပင့်ကူကတဖြည်းဖြည်းချဥ်းကပ်လာလေသည် ၊၊ထို့ကြောင့်ကျွန်မလည်းလက်ပိုက်ကြည့်မနေရက်သည်မို့စာအုပ်၏နောက်ဆုံးစာမျက်နှာကိုလှန်ကာထောင့်ကိုပေတံဖြင့်ဖိကာအမြန်ဖြဲလိုက်လေသည်၊၊ထို့နောက်လက်ထဲတွင်ဆုပ်ချေပြီးလုံးကာပင်ကူရှိရာသို့ပစ်လိုက်လေသည် ၊၊
ကံဆိုးစွာဖြင့်ထိုစက္ကူလုံးလေးဟာဆရာမ
ကေသီ၏ကျောပြင်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလေသည် ၊၊ထို့ကြောင့်ကျွန်မဇက်ကလေးပုသွားလေသည် ၊၊
" နေချိုသွေး !! "
ကျွန်မလက်လေးကာကာခေါင်းလေးခါရမ်းပြီး
" မဟုတ်ဘူးနော် ဆရာမ !!
အသွေးက . . . "ကျွန်မစကားမဆုံးခင်မှာပင်
" ဒီလောက်လက်ပူးလက်ချက်မိတာတောင်
လိမ်နေသေးတယ်
သွား !! အတန်းထဲကထွက်သွား !!
အဲ့မှာဒူးထောက်လက်မြှောက်နေ !! "ကျွန်မသည်ရှင်းပြလည်းမရသည်မို့ကျွတ်စ်တချက်သပ်ကာအတန်းထဲမှထွက်လာခဲ့လေသည် ၊၊
ထို့နောက်ဆရာမကေရဲ့စေခိုင်းထားသည့်အတိုင်းဒူးထောက်လက်မြှောက်ပြီးဖြတ်သွားဖြတ်လာလူတွေနဲ့မျက်နှာချင်းမဆိုင်လိုသည်မို့ခေါင်လေးငုတ်ထားလိုက်သည် ၊၊မေခတ္တာတစ်ယောက်သူမအချိန်ပြီးသည်မို့နားနေခန်းသို့ပြန်ရန်ထွက်လာချိန်တွင်အတန်းရှေ့စင်္ကြန်ရှေ့လမ်းတွင်ဒဏ်ပေးခံနေရသည့်နေချိုသွေးကိုမြင်ရလေသည် ၊၊
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး