ဒီနေ့တော့ထိုအမျိုးသမီးဆေးရုံကဆင်းသည်မို့အိမ်အကူအဒေါ်ကြီးဒေါ်မြင့်မှာအောက်ထပ်တွင်အခန်းပြောင်းပြင်ဆင်ရင်းအလုပ်တွေရှုပ်နေကြလေသည် ၊၊ခဏအကြာတွင်ခြံထဲသို့ကားတစ်စီးရောက်လာပြီးကားပေါ်မှထိုအမျိုးသမီးကိုဝှီးချဲပေါ်သို့ဝိုင်းဝန်းနေရာချပေးကြလေသည် ၊၊
ကျွန်မလည်းထမင်းဆက်စားချင်စိတ်မရှိတော့သည်မို့ထမင်းစားပွဲမှထကာအပေါ်ထပ်အခန်းသို့ပြန်ရန်ပြင်လေသည် ၊၊
ထိုစဥ်အပေါ်ထပ်သို့တက်ရန်လှေကားထစ်ပေါ်ခြေလှမ်းနေစဥ်မှာပဲ
" ကလေးငယ် !! "ထိုအသုံးအနှုန်းကြောင့်ကျွန်မရဲ့ခြေလှမ်းတွေမှာရပ်တန့်သွားပြီးအလိုမကျစွာဖြင့်သူမဘက်ကို
လှည့်လိုက်လေသည် ၊၊" ကျူပ်ကိုအဲ့လိုမခေါ်နဲ့လို့
ခင်ဗျားကိုဘယ်နှခါပြောရမှာလဲ !! "ကျွန်မရဲ့ဒေါသသံကြောင့်ဝှီးချဲပေါ်ကထိုအမျိုးသမီးဟာမျက်နှာလေးတချက်
ငယ်သွားပြီး
" တို့ , မှ မင်းနာမည်ကိုအပြည့်အစုံမခေါ်ချင်တာ"ထိုစကားဟာကျွန်မထိုသို့ပြောတိုင်းသူမဆီကကြားနေကျစကားသာဖြစ်သည် ၊၊
ကျွန်မလည်းကျွတ်စ်တချက်သပ်ပြီးသူမကိုကျောခိုင်းကာအပေါ်ထပ်သို့တက်ရန်ပြင်လေသည်၊၊
ထိုစဥ်သူမလည်းအားမလိုအားမရဖြင့်ဝှီးချဲပေါ်ကနေကိုယ်လေးရှေ့တိုးကာ
" နေဦး !! တို့ , မင်းနဲ့စကားပြောစရာရှိတယ် "ကျွန်မလည်းလှေကားထစ်တစ်ထစ်ပေါ်တွင်ရပ်ရင်းနှုတ်ခမ်းတဖက်တွန့်ချိုးကာခနဲ့သဲ့သဲ့ပြုံးပြီး
" ဒါဆိုလည်း ခင်ဗျားအရင်လို
ကျူပ်နောက်ကိုလိုက်နိုင်ရင် လိုက်ပေါ့ !! "ထိုအမျိုးသမီးရဲ့အားနည်းချက်ကိုထိုးနှက်ပြီးအောင်နိုင်သူခြေလှမ်းတွေနဲ့အပေါ်ထပ်မှကျွန်မအခန်းဆီသို့မာန်ပါပါလျှောက်သွားလေသည် ၊၊
အောက်ထပ်တွင်ကျန်ရစ်ခဲ့သည့်မေခတ္တာမှာတော့နေချိုသွေးပြောခဲ့သည့်စကားကြောင့်
ပါးပြင်ထက်တွင်မျက်ရည်စတွေဖြင့်ဖြစ်နေပါသော်လည်းသူမနှုတ်ခမ်းထက်တွင်တော့အပြုံးတစ်ခုကိုကျေကျေနပ်နပ်ကြီးဆင်မြန်းထားနေသည် ၊၊
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး