အပိုင်း ( ၈ )

279 59 3
                                    


တစ်ခုံဝင်တစ်ခုံထွက်မျက်နှာငယ်နဲ့လက်ကလေးဖြန့်ကာတခုခုကိုတောင်းပြီးမရသည့်အတွက်စိတ်ပျက်လက်ပျက်နှင့်ပြန်လာသည့်ကျွန်မသူငယ်ချင်းဆုမြတ်ကိုကျွန်မမေးလိုက်လေသည်၊၊

"  ဘာတွေတောင်းနေတာလဲ ဆုမြတ် !!  "

" ဒီနေ့သင်္ချာအိမ်စာစစ်မယ်ဆိုလို့
ငါတို့ရေးဖို့လိုက်တောင်းနေတာလေ "

"  အယ် !! 
ဒါများအစောတည်းပြောပါလားဆုမြတ်ရယ် "

"  ဟင်  !!  နင်ကပြီးပြီလို့လား !! "

ကျွန်မလည်းလွယ်အိတ်ထဲကသင်္ချာစာအုပ်ကိုထုတ်ကာဆုမြတ်ခုံပေါ်ချပေးလိုက်လေသည် ၊၊

အတည်ပြုလိုသည့်ဆုမြတ်ကလည်းကျွန်မစာအုပ်လေးကိုခပ်မြန်မြန်လှန်လှောကာကြည့်လေသည်၊၊

ထို့နောက်မျက်လုံးမျက်စံပြူးဖြင့်
ကျွန်မပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်ဖြင့်ညှပ်ကာ
"  နင်ငါ့သူငယ်ချင်းဟုတ်ပါတယ်နော် !!
    ဆေးစားများမှားလာတာလား  !!  "

ကျွန်မလည်းမျက်စောင်းလေးထိုးကာ
ဆုမြတ်လက်တွေကိုရိုက်ချပြီး
"  အပိုတွေပြောမနေနဲ့ ရေးစရာရှိတာရေး  !!  "

"  အေးပါ !!
နင်ကစာဂျပိုးကြီးဖြစ်နေပြီဆိုတော့
ပြောအားရှိတာပေါ့ အသွေးမ !!  "

"  စာဂျပိုးလုပ်နေတာမဟုတ်ပါဘူးဟာ
ဖုန်းမကိုင်ရမှာစိုးလို့သာစာလုပ်နေတာ "

"  ဟမ် !!  ဖုန်းဟုတ်လား !!
နင့်အဖေ iphone ပြန်တွေ့တာလား  "

"  မဟုတ်ပါဘူး !!
ဒေါ်မေခတ္တာဝယ်ပေးတာ !!  "

ဆုမြတ်လည်းတအံ့တသြဖြင့်အံ့လေးကြိတ်ကာကျွန်မလက်မောင်းကိုရိုက်ချလိုက်ပြီး
" ငါ့ကိုတောင်မပြောပြဘူး ကောင်မစုတ် !!  "
ဒါကြောင့်ဒီရက်ပိုင်းနင့်acc ကမီးစိမ်းပြီး
Fic တွေလည်းတင်နေပါတယ်လို့ !!
ငါကတော့တခြားသူသုံးနေတယ်ထင်နေတာ "

"  ဝယ်ပေးထားတယ်သာပြောတာပါဟာ
   ငါလည်းမကိုင်ရပါဘူး
   စာပြီးမှတနေ့မှ၃နာရီလောက်ပဲသုံးရတာပါ  "

မုန်းစကိုတိုစေလိုWhere stories live. Discover now