အပိုင်း ( ၁၀ )

425 60 3
                                    

" အသွေး မျက်စိခဏမှိတ်ပြီးတော့လက်ဖြန့် !!"

"  ဘာလုပ်မို့တုန်း !! "

"  လုပ်ဆိုလုပ်စမ်းပါ !! "

ဆုမြတ်ကအတင်းလုပ်ခိုင်းသည်မို့ကျွန်မလည်းမျက်လုံးမှိတ်ကာလက်လေးဖြန့်လိုက်လေသည်၊၊

ထိုစဥ်ကျွန်မလက်နှစ်ဖက်ပေါ်တစုံတခုရောက်လာသောအထိအတွေ့နဲ့အတူ
"  ရပြီ ဖွင့်တော့ !!  "

ထို့ကြောင့်ကျွန်မလည်းမျက်လုံးတွေကိုအသာ
ဖွင့်လိုက်လေသည် ၊၊

ထိုစဥ်မြင်လိုက်ရသည်ကအသဲပုံစက္ကူဘူးလေးပင်ဖြစ်သည် ၊၊

"  Happy Birthday ပါ သူငယ်ချင်းလေး !!  "

"  ဟဲ့ !! မနက်ဖြန်မှလေ !!  "

"  သိတယ်လေ !!
ကျောင်းပိတ်လို့လေကောင်မရဲ့
ကဲ  .      .    ဖွင့်မှသာဖွင့်စမ်းပါ !!  "

ဆုမြတ်ရဲ့အသံစူးစူးကြောင့်ကျွန်မလည်းထို
အသဲပုံစက္ကူဘူးအဖုံးလေးကိုဖွင့်လိုက်လေသည်၊၊ 

ထိုတွင်တွေ့လိုက်ရသည်ကတော့ရောင်စုံဖဲပြားကလစ်လေးတွေ ၊ ဖဲပြားခေါင်းစီးကြိုးလေးတွေသာဖြစ်သည် ၊၊

"  ဟယ် !! လှလိုက်တာ !!  "

" ခရမ်းရောင်ချည်းပဲကျတော့မလှဘူးလေ
ဒါကြောင့်ရောင်စုံလေးမျှဝယ်လိုက်တာ
ခရမ်းရောင်လေးတွေလည်းများကြီးပါပါတယ် "

"  အေး !! ငါကြိုက်တယ်
နင်ကလည်းရွေးတတ်လိုက်တာ !!  "

"  အေး ဒါဆိုလည်းမုန့်ဝယ်ကျွေးတော့ 
မုန့်စျေးတန်းသွားကြမယ် အသွေးမ !! "

"  အေးပါ  !! ငါဒါလေးသိမ်းလိုက်ပါဦးမယ်  "

တဖက်တွင်လည်း     .         .         .         .

"  ဘယ်ဆိုးလို့လဲ ခတ္တာ !!
နေချိုးသွေးက စာတွေဘာတွေလုပ်လာပါလား "

ဆရာမကေသီရဲ့ပထမဆုံးချီးကျူးစကားသံကြောင့်မေခတ္တဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေလေသည် ၊၊

"  ဟုတ်လား အမကေ !!
ကလေးငယ်လေးက စာတွေရတာလား "

" ဟုတ်ပါ့တော် !!
အမှတ်တွေတော်တော်တက်လာတာ
အရင်ကတော့သူ့နောက်မှာနံရံပဲရှိတယ် !!
ဥာဏ်လေးကကောင်းရက်သက်သက်ပေနေတာ"

မုန်းစကိုတိုစေလိုWhere stories live. Discover now