အပိုင်း ( ၆ )

227 39 3
                                    


ဒီနေ့ဟာကျောင်းပိတ်ရက်ဖြစ်တာမို့မေခတ္တာတစ်ယောက်အကိုဖြစ်သူနဲ့ခြံထဲတွင်လမ်းလျှောက်ကျင့်နေလေသည် ၊၊

"  အား  !!  "

အကိုဖြစ်သူပီပီညီမဖြစ်သူကိုစိုးရိမ်တကြီးဖြင့်
တွဲလျှောက်နေရာမှခြေစုံရပ်ကာ
"  အာ  .    .  ဖြည်းဖြည်းလေ ခတ္တာရယ်  !!  "

"  ခတ္တာဒီပုံစံကြီးကိုအားမရလို့ပါကိုကြီးရယ် "

" ဒါတော့ဒါပေါ့ ခတ္တာရယ်
အတင်းအကြပ်ကြီး
ကိုယ့်ကိုယ်ဖိအားမပေးစမ်းပါနဲ့
ကိုကြီးတို့ဖြည်းဖြည်းချင်းကြိုးစားကြမယ်လေ
အခုတော့နားကြရအောင်လေ  .   .   နော် "

၉နှစ်ကွာတဲ့အကိုကြီးပီပီညီမဖြစ်သူရှေ့မားမားမတ်မတ်ရပ်ကာအားအင်ဖြစ်လေသည်၊၊
မေခတ္တာကလည်းအကိုဖြစ်သူ၏စကားကိုတခါမှငြင်းဆန်သူမဟုတ်သည်မို့ခပ်လှမ်းလှမ်းကဒန်းတွင်ထိုင်ရန်ပြင်လေသည် ၊၊

"  ဒေါ်မြင့် !!  "

ခြံထဲရှိပန်းပင်တွေကိုရေလောင်းရန်ထွက်လာ
သည့်ဒေါ်မြင့်ကိုမေခတ္တာဒန်းပေါ်ကနေလှမ်းခေါ်လိုက်လေသည် ၊၊

ထို့ကြောင့်ဒေါ်မြင့်မှာမေခတ္တာအနားသို့ခပ်သွက်သွက်လေးရောက်လာလေသည် ၊၊

"  ကလေးငယ်အိပ်တုန်းလား ဒေါ်မြင့်  !!  "

"  ထုံးစံအတိုင်းကျောင်းပိတ်ရက်ဆိုတော့
မထသေးဘူး ခတ္တာရေ !! "

"  သွားနိူးလိုက်ပါဦး ဒေါ်မြင့်ရေ !!
စာမေးပွဲကြီးကလပိုင်းလောက်ပဲလိုတော့တာ
ခတ္တာသူ့ကိုဖိမှရတော့မယ် "

ထိုစကားကြောင့်ဒေါ်မြင့်မှာအိမ်ထဲသို့ခပ်သုတ်သုတ်ဝင်သွားလေသည် ၊၊

အကိုဖြစ်သူကတော့မတ်တပ်ရပ်လက်စဖြင့်
" ဒါဆိုကိုကြီးလည်းကားသွားဆွဲတော့မယ်  "

"  ဟုတ်ဟုတ် ကိုကြီး !!  "

" ညနေဆေးခန်းသွားဖို့ကိုကြီးလာခေါ်မယ်နော် "

" ဟုတ်ကဲ့ ကိုကြီး !!  "

မေခတ္တာရဲ့အခြေအနေဟာဆေးရုံဆေးခန်း၊
ဆေးတို့နှင့်အဆက်ပြတ်လို့မရသောအခြေအနေပင်ဖြစ်သည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now