" ကျူပ် ခင်ဗျားကိုပြောစရာရှိတယ် !! "သူမကတော့ဆေးသောက်ပြီး၍လက်ထဲကရေခွက်ကိုဒေါ်မြင့်လက်ထဲရှိဗန်းထဲသို့ထည့်ပေးနေတုန်းပင်ဖြစ်သည် ၊၊
တံခါးမခေါက်ပဲဇိုးခနဲဇက်ခနဲဝင်လာတဲ့ကျွန်မကိုသူမအလိုမကျစွာဖြင့်မျက်မှောင်လေးကျုံ့ကာသက်ပြင်းလေးချလိုက်လေသည် ၊၊
ထိုသည်ကိုကျွန်မလျစ်လျူရှူပြီးမှန်တင်ခုံရှေ့ကခုံတွင်ဝင်ထိုင်လိုက်လေသည် ၊၊
အလိုက်သိသည့်ဒေါ်မြင့်ကတော့အခန်းထဲမှထွက်သွားလေသည် ၊၊
ကုတင်နားမှာရှိတဲ့သူမဟာကျွန်မနားသို့ဘီးလေးလှိမ့်လာပြီးခြေ၂လှမ်းစာလောက်အကွာတွင်ရပ်လိုက်ပြီးကျွန်မမျက်နှာစေ့စေ့ကြည့်ကာကျွန်မဆီကစကားတွေကိုနားစွင့်နေလေသည် ၊၊
သူမဟာစပန့်ဂါဝန်လေးဝတ်ထားပြီးထုံးစံအတိုင်းဆံပင်တွေကိုစုကာညှပ်ကလစ်လေးနဲ့ညှပ်ထားလေသည် ၊၊
ဖေဖေသဘောကျရင်ကျစရာပင် ၊၊ မညာတမ်းဝန်ခံရရင်သူမဟာမေမေ့ထက်ကိုပိုလှသည် ၊၊
သူမဟာ,ကရင်သွေးစပ်တာကြောင့်အသားအရေမှာဝါဂွမ်းသဖွယ်ဖြူဖွေးနုဖက်ပြီးခန္ဓာကိုယ်အချိုးအစားမှာအထူးသလည်ထိန်းသိမ်းစရာမလိုပဲတောင့်တောင့်တင်းတင်းပင်ဖြစ်သည် ၊၊ကျွန်မသဘောအကျဆုံးကိုပြောပါဆိုရင်ညို့အားပြင်းသည့်သူမမျက်ဝန်းနှင့်နှုတ်ခမ်းဖူးဖူးလေးပင်ဖြစ်သည် ၊၊
ကျွန်မမနှစ်မြို့ဆုံးကတော့ညာဘက်မျက်ဝန်းမျက်ရည်စီးကြောင်းပေါ်ကအထင်သားပေါ်နေ
သည့်မျက်ရည်ခံမှဲ့နက်ပင်ဖြစ်သည် ၊၊မေခတ္တာတစ်ယောက်နေချိုသွေးရဲ့မျက်ခုံးထူထူထက်ကနဖူးကျဥ်းလေးပေါ်မှအမာရွတ်လေးကိုကြည့်နေမိသည် ၊၊
အကြည့်ချင်းဆုံပြီးတိတ်ဆိတ်နေသည့်အခြေအနေကိုကျွန်မကပဲစတင်ဖြိုခွင်းလိုက်သည်၊၊
" ကျူပ်ဖုန်းလိုချင်တယ် !! "
မေခတ္တာလည်းကြိုတင်တွက်ဆသည့်အတိုင်းသူမဗျူဟာထဲကိုနေချိုသွေးဝင်လာသည်မို့
" ဘယ်အမျိုးအစားကိုလိုချင်တာလဲ !! "
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး