" တူမလေး !!
ဦးလေးတို့နဲ့တခါတည်းတူတူလိုက်ခဲ့ပါလား "ထိုစကားဟာကျွန်မမနက်တိုင်းထိုလူနှင့်တွေ့တိုင်းကြားရသည့်စကားပင်ဖြစ်သည် ၊၊ ထိုသို့ကြားတိုင်းလည်းကျွန်မလျစ်လျူရှူကာခြံတံခါးပေါက်ဝဆီသာဦးတည်ထွက်ခဲ့သည် ၊၊
ကျွန်မအိမ်နှင့်ကျောင်းဟာ၆မှတ်တိုင်လောက်ပဲဝေးသည်မို့ကျောင်းကားမစီးပဲဘစ်စကားကိုသာပေါ့ပေါ့ပါးပါးအသုံးပြုခဲ့သည် ၊၊
မေခတ္တာတစ်ယောက်ကားပြတင်းပေါက်မှန်လေးကနေကားမှတ်တိုင်မှာရပ်နေသည့်နေချိုသွေးကိုမျက်စိတဆုံးလိုက်ကြည့်နေမိသည် ၊၊
နေချိုသွေးကတော့ခပ်လှမ်းလှမ်းမှလာနေသည့်ဘစ်စကားနံပါတ်ကိုသာအာရုံစိုက်ကြည့်နေလေသည်၊၊
မီးပွိုင့်မိနေစဥ်အကိုဖြစ်သူမှာစံပယ်ပန်းသယ်ကောင်လေးဆီမှပန်းကိုလှမ်းဝယ်ကာကားကဘုရားတွင်ကပ်လိုက်လေသည် ၊၊
မေခတ္တာလည်းထိုစံပယ်ပန်းလေးကိုကြည့်ရင်းအရင်အချိန်တွေကိုပြန်တွေးမိလေသည် ၊၊
အတိတ်ကိုပြန်လည်တွေးတာခြင်း . . .
" ကိုကြီးရေ မေကြီးဆုံးပြီ !! "
မေခတ္တာတစ်ယောက်အကိုဖြစ်သူကားဆွဲကာဆေးရုံသို့ပြန်လာသည်နှင့်အခန်းတံခါးကိုဖွင့်ဖွင့်ချင်းမှာပင်ဝမ်းနည်းပက်လက်ဖြင့်ဖက်ကာထိုစကားကိုဆိုလေသည် ၊၊
အကိုဖြစ်သူကလည်းဝမ်းနည်းစိတ်ကိုမနည်းထိန်းကာပိတ်စအဖြူနဲ့အုပ်ထားသည့်ကုတင်ပေါ်ကရုပ်အလောင်းဆီကိုသာလျှောက်သွားလေသည်၊၊
ထိုအချိန်တွင်မေခတ္တာအတောင့်တဆုံးသူမှာဖေဖေပင်ဖြစ်သည် ၊၊ သို့သော်ဖေဖေဟာမေမေနဲ့ကွာရှင်းလိုက်သည့်အချိန်မှစ၍မေခတ္တာတို့မောင်နှမကိုလှည့်တောင်မကြည့်ပဲမိသားစုနှင့်သာပျော်ရွှင်ခဲ့လေသည် ၊၊ထို့ကြောင့်ဖေဖေလာဖို့ကိုမေခတ္တာမမျှော်လင့်တော့ပေ ၊၊
အကိုဖြစ်သူဟာအဖြူရောင်ပိတ်စကိုဖယ်ပြီးအမေဖြစ်သူရဲ့ရုပ်အလောင်းကိုကြည့်ကာပြိုလဲ
နေစဥ်မှာပဲအခန်းတံခါးခေါက်သံကိုကြားရလေသည် ၊၊
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး