" အသွေး !! လာစမ်းပါ
မြန်မြန်လာစမ်းပါ !! "အတန်းပေါက်ဝကနေကပျာကပျာဆီးကြိုနေ
သည့်ဆုမြတ်ကြောင့်ကျွန်မကြောင်အမ်းအမ်း
ဖြင့်သူမဆွဲခေါ်ရာနောက်ပါသွားလေသည် ၊၊ထိုင်ခုံသို့ရောက်သည်နှင့်လွယ်အိတ်ဇစ်ကိုခပ်သွက်သွက်ဖွင့်ကာတစုံတခုကိုကိုင်မြှောက်ပြရင်း
" ငါဖုန်းရပြီ အသွေးရေ !! "စိတ်ခံစားချက်ဆိုတာတယောက်တယောက်ကိုကူးစက်လွယ်သောအရာပင်ဖြစ်သည် ၊၊
ထို့ကြောင့်ကျွန်မလည်းဆုမြတ်လက်ထဲကဖုန်းလေးကိုယူကြည့်ရင်းဝမ်းသာအားရပင်ဖြစ်နေလေသည် ၊၊ထိုဖုန်းလေးကိုကြည့်ရင်းကားတိုက်မှုကြောင့်
လွင့်စင်ပျောက်ဆုံးသွားသည့်ဖေဖေကိုင်ခဲ့သည့်ဖုန်းကျွန်မဖုန်းလေးကိုကျွန်မအောက်မေ့မိသည်၊၊" နင့်မွေးနေ့လည်းနီးနေပြီပဲ အသွေးရယ်
ဆရာမခတ္တာကို ထပ်ပြောကြည့်ပါလား !! "မေခတ္တာနှင့်ကျွန်မရဲ့ပတ်သတ်မှုကိုအချစ်ဆုံးသူငယ်ချင်းဆုမြတ်ကလွဲမည်သူမည်ဝါမှမသိကြပေ ၊၊
" အဲ့လိုသာလွယ်ကူနေရင်
ငါ့အဖေရဲ့ဖုန်းတောင် ငါသုံးစရာမလိုဘူး
အစတည်းကဖုန်းအသစ်တောင်ရနေလောက်ပြီ "" မိဘတွေကဒီလိုပါပဲ အသွေးရယ်
ငါတို့ကလည်းငါတို့ပဲလေ စာမှမလုပ်ကြတာ "
ဆုမြတ်ကတော့ဟာသဥာဏ်နှောကာမိဘဟုသာ
ပေါ့ပေါ့ပါးပါးသုံးနှုန်းလိုက်လေသည် ၊၊ကျွန်မကတော့ထိုအသုံးအနှုန်းကိုသဘောမကျတာကြောင့်ကင်မရာစမ်းနေသည့်လက်ထဲက
ဖုန်းကိုချကာ
" မိဘကမိဘ မိထွေးမိထွေး သက်သက်စီပဲ
နင်ကဘာတွေကို လာရောထွေးနေတာပဲ !! "ဆုမြတ်လည်းဒေါသစိတ်ကြောင့်တင်းမာသွား
သည့်ကျွန်မရဲ့မျက်နှာကိုကြည့်ရင်းခေါင်းလေးခါရမ်းကာ
" မပြောပါနဲ့ သူငယ်ချင်းရယ်
အရင်ကဘယ်လိုပဲပြောခဲ့ပြောခဲ့
အခုချိန်ကစပြီးမပြောပါနဲ့တော့ဟာ
နင်ငရဲကြီးလိမ့်မယ် !! "အရင်ကကျွန်မဘာလုပ်လုပ်ထောက်ခံသည့်သူငယ်ချင်းကဆေးမိထားသလိုကောက််ကာငင်ကာကြီးထိုအမျိုးသမီးဘက်ပါသွားသည်ကိုကျွန်မအတော်အံ့သြမိသည် ၊၊
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး