အပိုင်း( ၄ )

392 59 0
                                    


မေခတ္တာတစ်ယောက်လက်ထဲတွင်အသင့်ဖောက်ထည့်ထားသည့်ဆေးကိုအာခေါင်ထဲပစ်သွင်းပြီးဒေါ်မြင့်ကမ်းပေးသည့်ရေကိုလှမ်းယူကာသောက်ချလိုက်လေသည် ၊၊

"  ကလေးငယ်ထမင်းမစားဘူးမလား ဒေါ်မြင့် "

"  ရောက်ကတည်းကအိပ်ရာထဲလှဲနေတော့တာပဲ
ဒေါ်မြင့်အတင်းခေါ်လည်း မရဘူး  "

" ဒါဆိုလည်းတခုခုချော့ကျွေးပြီး
  ပါရာလေးဆက်ဆက်တိုက်လိုက်ပါနော် "

ထို့နောက်မှန်တင်ခုံပေါ်မှပရုတ်ဆီဘူးလေးကိုယူပြီးဒေါ်မြင့်ဆီပေးကာ
" ဒါလေး ကလေးငယ်ကိုပေးပေးပါနော် "

ပုံမှန်ဆိုနေချိုသွေးအနာတရဖြစ်တိုင်း ၊
ဖျားနာချိန်တိုင်းညသန်းခေါင်ယံအချိန်တွင်တိတ်တဆိတ်ဝင်ကာပြုစုနေကြပင်ဖြစ်သည်၊၊
ထို့ကြောင့်ဒေါ်မြင့်ကိုတစ်ဆင့်မှာနေရသည်ကို
မေခတ္တာတစ်ယောက်အားမလိုအားမရဖြစ်နေသည်၊၊

ထိုသည်ကိုသိသည့်ဒေါ်မြင့်ဟာ
"  စိတ်ချ ခတ္တာရယ်
ဒေါ်မြင့် အသွေးကိုဆေးသေချာတိုက်ပြီး
ဆေးပါလိမ်းပေးလိုက်ပါ့မယ် "

"  ကျေးဇူးတင်ပါတယ် ဒေါ်မြင့်ရယ်
   ဒါနဲ့  .   .   "

မေခတ္တာစကားမဆုံးခင်မှာပဲဒေါ်မြင့်ဟာ
" ခေါင်းကိုရော နဖူးကဒဏ်ရာလေးပါ
ဒေါ်မြင့်ညတိုင်းဆေးလိမ်းပေးပါတယ်  "

"  ဟုတ်ကဲ့ပါ ဒေါ်မြင့်ရယ်
ညတိုင်းသေချာလေးလိမ်းပေးပါနော်
ဘာလို့ဆိုချူပ်ထားတဲ့နေရာကကွက်ပြီး
ဆံပင်မထွက်မှာစိုးလို့
နဖူးကလည်း အမာရွတ်မပျောက်မှာစိုးလို့ပါ "

"  စိတ်ချပါ ခတ္တာရယ် !!
အသွေးလေးကို ဒေါ်မြင့်တာဝန်ထားပါ "

ဒေါက်   .    .    ဒေါက်   .    .   ဒေါက်

တံခါးခေါက်သံကိုကျွန်မကြားသော်လည်းပြန်မထူးပဲမိသားစုဓာတ်ပုံလေးကိုသာရင်ခွင်ထဲထည့်ကာပွေ့ဖက်ပြီးတံခါးဘက်ကိုကျောခိုင်းကာတစောင်းလှဲနေနေသည် ၊၊

ပြန်ထူးသံမကြားပေမယ့်ညတိုင်းဝင်နေကျဖြစ်သည်မို့ဒေါ်မြင့်ဟာသူ့သူဝင်လာလေသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now