" အခုခြေထောက်ကဘယ်လိုနေလဲ
သက်သာရဲ့လား ခတ္တာ "မေခတ္တာတစ်ယောက်ခေါင်းလေးခါရမ်းပြီး
" စတီးရိုးထည့်ထားတဲ့ဘက်က တအားနာပြီး လမ်းလျှောက်လို့အဆင်မပြေဘူး မကေရယ် "" ဖြည်းဖြည်းချင်း ကြိုးစားကြတာပေါ့ ခတ္တာရယ် !! အခုလို ပြန်ထူထူထောင်ထောင်လေးဖြစ်လာတာကိုပဲ အမဝမ်းသာလှပါပြီ "
လက်ရှိပြောနေသည့်အကြောင်းအရာအပေါ်
ခတ္တာစိတ်ဝင်စားမှုမရှိပဲကိုယ်သိလိုသည်ကိုသာဦးဆောင်ရန်
" ဒါနဲ့မကေ !! "စကားစလိုက်သည်နှင့်ဆိုလိုရင်အကြောင်းအရာကိုသိနေသည့်ကေသီဟာနှုတ်ခမ်းလေးတဖက်ရွဲ့ပြီးမျက်စောင်းလေးထိုးကာ
" နေချိုသွေးအကြောင်းပဲမလား !! "🗯️
မကေ ပြောလည်းပြောချင်စရာပင်
ကျွန်မကလည်း ကျွန်မပဲလေ
ဒီလိုအခြေအနေကြီးဖြစ်နေတာတောင်
ကျွန်မကိုယ်ကျွန်မထက်
ထိုကလေးငယ်ကိုသာ
အလေးသာနေလေသည် 🗯️သူခိုးလူမိသွားသည့်အတွက်ကြောင့်ခတ္တာရှက်ပြုံးလေးပြုံးကာမကေဆီကစကားကိုသာနားစွင့်နေလေသည် ၊၊
ကေသီဟာသက်ပြင်းလေးတချက်ချပြီး
" သူအကြောင်းတော့မပြောချင်တော့ပါဘူး !! "ထိုစကားကြောင့်မေခတ္တာမှာပျာပျာသလဲဖြင့်
" ဘာဖြစ်လိုလဲ မကေရယ်
ကလေးငယ်ကတအားအခြေအနေဆိုးလာလို့လား"" ပြောရမှာတော့အားနာပါတယ် ခတ္တာရယ်
သူ့ကိုပြောရတာကလေ
ယောကျ်ားလေးတွေထက်တောင်
ပြောရဆိုရခက်သေးတယ်
သူကချော့လို့လည်းမရ ၊ ခြောက်လို့လည်းမရသက်သက်ကို ဂျစ်တိုက်နေတာ
စာအုပ်တွေထဲမှာလည်း စာကတလုံးမှမရှိဘူး
ဒီကြားထဲ ကျောင်းကလည်း
မကြာမကြာလစ်လိုက်သေးတယ်
အမတော့သူ့ကိုဒီနှစ်တော့အောင်မယ်မထင်ဘူး "ထိုစကားဟာမေခတ္တာကြားလိုသည့်စကားမဟုတ်တာကြောင့်မျက်နှာလေးသိသိသာသာပျက်ယွင်းသွားပြီးတိတ်ဆိတ်သွားလေသည် ၊၊
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး