အခန်း(၂၄)

1.1K 26 4
                                    

ကျောင်းသားကျောင်းသူများသည် ဆယ်ကျော်သက်အရွယ်ဖြစ်တာကြောင့် တက်ကြွဖြတ်လက်မှု အပြည့်နဲ့ပင်။

"ယွီချီလင် နင်ကြောက်သွားတာတော့ မဟုတ်ဘူးမလား?? နင်ကြိုက်တဲ့ သီချင်းရွေးလိုက် "ကျန်းယဲ့ မတ်တပ်ရပ်ပြီးပြောသည်။

ယွီချီလင် လျန်လျန်လက်ကိုဆွဲလိုက်ပြီး
"ဘာ ကြောက်စရာရှိလို့လဲ !ငါသူ့ကိုမှမကြိုက်တာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းအပြည့်နဲ့ ကြည့်တော့ကောဘာဖြစ်လဲ??"

ဘားမီးအလင်းရောင် မှိန်မှိန်အောက်တွင် ကျန်းယဲ့ ပြုံးလိုက်ပြီး...

"ဟုတ်ပြီ..ဒါဆိုရင် လာခဲ့တော့"

လျန်လျန်သည်လည်းသူမကို တွန်းသွားလိုက်သည် ။ယွီချီလင်သည်
"Let her land "ဆိုတဲ့ သီချင်းကိုရွေးချယ်ခဲ့သည်။

"အရူးမလေး ဘယ်လို အကြိုက်မျိုးလဲဟာ.."

"နင့်အကြိုက်ထက်တော့သာတယ်"

ထိုသီချင်းသည် သူမအကြိုက်ဆုံးသီချင်းဖြစ်ပြီး သူမအကြိမ်ပေါင်းများစွာနားထောင်ဖူးသည်။

Leng Qing qiu ရဲ့ ရုပ်သွင်ပြင်ကို သူမအရမ်းသဘောကျသည်။ ဒါပေမဲ့ သူမက Leng Qing qiu မဟုတ်သလို ကျန်းယဲ့သည်လည်း Jin yanxi မဟုတ်ပေ။

သီချင်းသံထွက်လာတော့ ကျန်းယဲ့သည် သူမရဲ့လက်ကိုကိုင်လိုက်သည်။ သူမလက်ဖဝါးပေါ်တွင် ချွေးစောများပြန်လာသည်။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရတာကြောင့် ယွီချီလင် အဆမတန် ရင်ခုန်လာရသည်။

သီးချင်းပြီးသွားတော့ သူမလက်ပင်အေးစက်နေပြီ

"နင်တို့ နှစ်ယောက်က ရုပ်ရှင်ရိုက်နေသလိုပဲ ..ငါထင်တာတော့ ကျန်းယဲ့နင့့်ကိုကြိုက်နေတာ!" ဟု လျန်လျန်ဝင်ပြောသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ??ပြီးတော့ ...ငါ..ငါ"

နောက်တစ်ကြိမ်တွင် ဘီယာပုလင်းက စာပေနဲ့ အနုပညာ ကော်မတီအဖွဲ့ဝင်အားညွှန်ပြနေသည်။ သူမသည် ကျန်းယဲ့ ‌
ဘေးမှာထိုင်နေပြီး ကျန်းယဲ့ ဘေးမှာတော့ ကျုန်းဟန်နင် ရှိနေသည်။

စာပေအနုပညာ ကော်မတီအဖွဲ့ဝင်က စကတ်အတိုကိုဝတ်ထားပြီး ဆံပင်ချထားတာက ဝတ္ထုထဲက အမျိုးသမီးဇာတ်လိုက်မနဲ့ပင်တူနေသည်။

အချစ်များအားလုံးမင်းအတွက်သာ♥️Where stories live. Discover now