အခန်း(၂၅)

1K 22 0
                                    

လျန်လျန်ကတော့ တံခါးကို မှီနေရင်းနဲ့
လျန်ကျန်းမူအားစိုက်ကြည့်နေသည်။

"အဖေ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ??"

လျန်လျန်လှောင်ရယ်လိုက်သည်။

"အစကတည်းက အဖေ အမေကို သာ
ကရုစိုက်ခဲ့ရင် အမေက တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေမှာ မဟုတ်ဘူး အခု အဖေက သမီးကို ပါအကျဉ်းချဖို့ ကြိုးစားနေပြန်တာလား?"

"လျန်လျန်! မင်းဘာတွေပြောနေတာလဲ! ငါက မင်းအဖေ မင်းကို နာကျင်စေမဲ့ အလုပ်မျိုး လုပ်ပါ့မလား??"

ဟန်နင်အလုပ်က ပြီး‌တော့ သူမသောက် နေကျ latte တစ်ခွက်ဝယ်ပြီး ပြန်လာနေတုန်း ဓာတ်လှေကား ပွင့်သွားတာနဲ့ အထဲက စကားများသံကို ကြားလိုက်ရသည်။

ဟန်နင်အမြန်ပြေးသွားတော့ လျန်ကျန်းမူအပေါက်ဝမှာရပ်နေသည်။

ဟန်နင်သည် သူမရဲ့ လက်ကောက်ဝတ်ကို ဆွဲပြီး သူမရဲ့ရှေ့မှာ ရပ်ပြီး ကာကွယ်ပေးနေသည်

"Mr.လျန်.. လျန်လျန်က ခင်ဗျားရဲ့ သမီးဆိုပေမဲ့ ...လျန်လျန်ကို ခြိမ်းခြောက် ပိုင်ခွင့်မရှိပါဘူး!"

လျန်လျန်ခေါင်း မော့လိုက်ပြီး ဟန်နင်ရဲ့ နောက်ကျောကိုကြည့်နေသည်။

သူ့အရပ်က အရမ်းရှည်လွန်းလို့ သူမရဲ့ ကိုယ် လုံးကို ကွယ်တော့မလိုပင်!

ဟန်နင်သည် သူ့အိတ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး လျန်ကျန်းမူအား ကမ်းပေးလိုက်သည်။

လျန်ကျန်းမူရဲ့ အကြည့်သည် ရဲရဲတောက်သွားပြီး ဒေါသကြောင့် လက်တွေပင်တုန်ယင်နေသည်။

"ဒါက ခင်ဗျားရဲ့ ချစ်ရပါသော ဇနီးလေးရဲ့ အချစ်သစ်ပါ။ လျန်လျန်ကောင်းဖို့အတွက်ဆို သူ့ကို အိမ်ပြန်မခေါ်သွားပါနဲ့။ ခင်ဗျားဒီကိစ္စကို အိမ်မှာအရင်ရှင်းပြီးမှ လျန်လျန် အိမ်ပြန်မဲ့ အကြောင်း ထပ်ပြောပါ"

လျန်ကျန်းမူ

"ဒါက..."

သူ့ရဲ့ မိန်းမကို ဝတ်ကောင်းစားလှတွေဆင်ယင်ပေးခဲ့ပေမဲ့ နောက်ဆုံးတော့ လင်ငယ်နေခဲ့တာတဲ့လား??

အချစ်များအားလုံးမင်းအတွက်သာ♥️Where stories live. Discover now