ဖုရီရှီက ပေါ်မလာခဲ့သဖြင့် ဖူအန်၏နှလုံးသားမှာ လေထဲ၌တွဲလွဲဆွဲထားသလိုပင် ခံစားနေရ၏။
အခန်းထဲသို့ပြန်ရောက်လာရင်း ဖူအန်ကသတိလက်လွတ် လက်သည်းကိုကိုက်နေမိသည်။
ပါးပါးဖုက ငါ့အမှားကိုအရင်ဝန်ခံစေချင်နေတာတော့ မဟုတ်ပါဘူးနော်?.............
ဖူအန်က ထိုအကြောင်းကိုတွေးမိရင်း တစ်ညလုံးအိပ်မပျော်တော့ပေ။ နောက်တစ်နေ့နံနက်ခင်းတွင် သူမမျက်လုံးများမှာ အညိုရောင်မျက်ကွင်းများပေါ်နေသည်။
သူမသည် ၆ ထပ်မြောက်သို့သွားသည့်လှေကားရှေ့တွင် တွန့်ဆုတ်နေမိသည်။
ရှေ့တိုးရင်လည်း ဒုက္ခရောက်မှာပဲ…………..နောက်ဆုတ်ရင်လည်း ဒုက္ခရောက်မှာပဲလေ…..
ဖူအန်သက်သာရာရသလိုခံစားလိုက်ရပြီး မျက်လုံးများမှိတ်လျှက်ပြေးတက်လာခဲ့ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။
“အစ်ကိုဖု……………..ဂိမ်းထဲမှာ ကျွန်မမှားပါတယ်……………..တောင်းပန်ပါတယ်………..
အဲ့တာက ကျွန်မရဲ့စိတ်ထိန်းချုပ်နိုင်မှုအားနည်းတာနဲ့စွဲလမ်းမှုတွေကြောင့် အစ်ကို့ကို အသရေဖျက်သလိုဖြစ်သွားတာပါ………..
ကျေးဇူးပြုပြီး ကျွန်မကိုအပြစ်ပေးပါ……..”
သူမပြောပြောပြီးချင်း ဖုရီရှီအားမြင်ရမည်ကိုရှက်၍ ၉၀ ဒီဂရီခါးကိုကွေး၍ အလေးပြုလိုက်၏။
အခန်းထဲတွင် တိတ်ဆိတ်သွား၏။
ထို့နောက်အခြားအသံတစ်သံထွက်ပေါ်လာသည်။“ဆာ…………..အန်အန်လေးက ပြောစရာရှိနေတယ်နဲ့တူတယ်……………..ကျွန်တော်အရင် ဆင်းသွားလိုက်ပါမယ်…….”
ထိုစကားများကိုကြား၍ ဖူအန်ရုတ်တရက်ခေါင်းမော့ကြည့်လိုက်ရာ အပြုံးဖြင့်ရန်ဆန်းပေါ်ထွက်သွားသည်ကို မြင်လိုက်ရ၏။
ရုတ်တရက်သူမနှလုံးသားအေးစက်သွားသည်။
သွားပြီ…………..သေပြီပဲ……
ဖူအန်၏အိမ်မက်ငယ်လေးဖြစ်သည့် အပြစ်ဝန်ခံပြီးပြစ်ဒဏ်လျှော့ပေါ့စေမည့်အကြံကား မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့ပေ။