ကျန်းယွမ်ယွမ်၏အော်သံကြောင့် ဖူအန်နားကန်းလုနီးပါးပင်။
ထို့ကြောင့်သူမက နေရာတစ်ခုကိုရှာ၍ရပ်လိုက်ကာ ပုံများကိုတစ်ခါတည်းရိုက်ရန်ပြောလိုက်၏။
“အာ……….နင်သာ မာဆာဌားလာမယ်မှန်းသိရင် ငါပိုကောင်းတာလေးဝတ်ထားခဲ့မှာပေါ့လို့”
ကျန်းယွမ်ယွမ်က နှလုံးသားကြေကွဲနေသည့်လေသံဖြင့်ပြောလိုက်၏။
“တစ်နေ့ဌားတာ ဘယ်လောက်ကျလဲ?.................
နင် ငယ်ငယ်ရွယ်ရွယ်နဲ့အရမ်းသုံးဖြုန်းလို့မရဘူး”“အဲ့တာဌားထားတာမဟုတ်ဘူး…………..ငါ့သူငယ်ချင်းတစ်ယောက်ဆီက ယူလာတာ”
ဖူအန်က လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း သူမဓာတ်ပုံရိုက်နေသည်အား ကြည့်လိုက်၏။
“နင်ဓာတ်ပုံရိုက်တာ ဘယ်တော့ပြီးမှာလဲ?..............နင်ငါ့ကို မစ်တီးဝယ်မတိုက်ချင်လို့ ဟန်ဆောင်နေတာမလား?”
“နင်က မာဆာကိုတောင်မောင်းနေပြီပဲဟာ…………မစ်တီးလေးတစ်ခွက်ကို အာရုံစိုက်နေသေးတာလား?.............
နင်နည်းနည်းလေး ရည်မှန်းချက်ကြီးလို့ရမလား?”
ကျန်းယွမ်ယွမ်က မှန်အနေဖြင့်တောင်သုံး၍ရနိုင်သည့်ကားမျက်နှာပြင်ကို ဓာတ်ပုံအတော်များများရိုက်လိုက်၏။
“နင့်ရဲ့သူငယ်ချင်းအသစ်က ယောကျ်ားလား………..မိန်းမလား?...............သူကရုပ်ချောလား?”
“နင်ပဲ တစ်ခါတည်း ယောကျ်ားလား၊ မိန်းမလား ခွဲပြီးနေပြီကို”
ထိုစကားကိုကြားသောအခါဖူအန်က ခေါင်းခါလိုက်ပြီး ကားတံခါးကိုဖွင့်လိုက်ကာ အထဲသို့ဝင်လိုက်၏။
“သွားပြီးပျော်ရအောင်…………….လမ်းဘေးမှာပဲနေပြီး ပုံတွေတစ်ချိန်လုံးရိုက်နေရတာ ဘာအကျိုးရှိမှာလဲ”
“အိုကေ……..လက်စ်ဂိုး”
ကျန်းယွမ်ယွမ်က ကားထဲသို့ဝင်လိုက်ပြီး ဖုန်းကိုဖွင့်လိုက်သည်။
“ငါဒီကိုလာတော့ အက်စ်မြို့ရဲ့ ခရီးသွားဆွဲဆောင်နိုင်တဲ့နေရာတွေကို ကြည့်ခဲ့တယ်……..