"ကောင်းပြီ...................လေ့ကျင့်ခန်းက ဒီနေ့တော့ ဒီလောက်ပဲ"
ကျန်းရှင်းချိန်က ဖူအန်တစ်ယောက် လွန်ခဲ့သည့်ရက်များအတွင်း ကီလိုမီတာအတော်များများပြေးခဲ့သည်ကိုကြည့်ရင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။ ထို့နောက် သတိပေးလိုက်၏။
"ကြံခိုင်မှုဆိုတာ တစ်ရက် နှစ်ရက်လေ့ကျင့်ရုံနဲ့မရဘူး..................မင်းဆက်တိုက်လေ့ကျင့်နေမှ ရမယ်"
"ဟုတ်ကဲ့............သိပါပြီမာစတာ"
ဖူအန်က ပြောလိုက်ပြီး ချွေးများသုတ်ရန် မျက်နှာသုတ်ပုဝါကိုယူ၍သုတ်လိုက်ပြီး ခုံပေါ်တွင်တင်ထားသည့်ရေဘူးအား ယူလိုက်၏။
ဝူ............
ခုံပေါ်ရှိဖုန်းက တုန်ခါလာသဖြင့်ဖူအန်ယူလိုက်၏။
ထိုသည်မှာ ရှောင်ချင်းမိန်ပင်။
(မကြာခင်သူဌေးဖြစ်လာတော့မည့်မိန်းမ.......................ဖက်တီးမလေး...............မနက်ဖြန်ကျရင် အက်စ်မြို့ကို စီးပွားရေးခရီးထွက်လာတော့မလို့................
ငါသိပ်မပျော်သလိုတောင်ခံစားရတယ်.......)
ဖူအန်ကခါးမတ်မတ်ထိုင်လိုက်ပြီး ရေဘူးအားအောက်ချလိုက်ကာ စာပြန်ပို့လိုက်၏။
(အနှေးနှင့်အမြန်ပါးပါးဖြစ်လာမည့်သူ..............ဘယ်အချိန်လဲ?................ငါလာကြိုရမလား?)
(မကြာခင်သူဌေးဖြစ်လာတော့မည့်မိန်းမ.................ဘော့စ်နဲ့လာမှာ...........ပြီးရင် သူ့ရဲ့စီးပွားရေးကိစ္စတွေအတွက် သွားစကားပြောရအုန်းမှာ.................. လာကြိုစရာမလိုဘူး............
ဒါပေမယ့် ငါ ခွင့် ၂ ရက်ယူထားတယ်.................နေ့လယ်လောက်ကျရင် ငါ့ကိုလာတွေ့ပါ...............)
(အနှေးနှင့်အမြန်ပါးပါးဖြစ်လာမည့်သူ..............အိုကေ................ပြီးရင် ငါ့ကိုလိပ်စာပို့ပေးလိုက်)
ဗီလာ၏စီမံအုပ်ချုပ်ပုံမှာ အလွန်တင်းကြပ်လှသည်။ အပြင်လူကို ဝင်ခွင့်မပြုပေ။
ရှောင်ချင်းမိန်မှာ ဤတစ်ခေါက်တွင် အပြင်ဖက်တွင်သာ နေရတော့မည်ဖြစ်သည်။