နတ်သမီးကဲ့သို့မိတ်ကပ်ပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် ကျန်းယွမ်ယွမ်မှန်ကြည့်လိုက်၏။ သူ့ကိုယ်ပေါ်မှ အဝတ်အစားများသည် သူနှင့်မသင့်တော်တော့သလို ခံစားလိုက်ရသည်။
နေ့လယ် ၁ နာရီလောက်မှ ကောင်လေးကိုသွားတွေ့မည်ဖြစ်သဖြင့် သူ့အတွက်အချိန်အနည်းငယ်ရသေးသည်ဟု ကျန်းယွမ်ယွမ်ခံစားလိုက်ရသည်။
“ဖက်တီးလေး…………….အဝတ်အစားအသစ်တွေ သွားဝယ်ရအောင်”
ကျန်းယွမ်ယွမ်မှာ အတော်သတ္တိရှိနေလေသည်။ ယနေ့တွင် သူမအတော်ကုန်ကျပေတော့မည်။
“အင်း”
ဖူအန်မှာ သူမနောက်မှလိုက်ရင်း တာဝန်သိတတ်စွာဖြင့် သူမအတွက်အဝတ်အစားနှင့် ဖိနပ်များကို ကူရွေးပေးနေသည်။
ကောင်တာများတွင်ပုံမှန်ပြထားသည့်အဝတ်အစားများမှာ စိတ်ဝင်စားဖို့မကောင်းပေ။ အနည်းငယ်စမ်းဝတ်ကြည့်ပြီးနောက် သူမစိတ်မကျေနပ်ပေ။
ထို့နောက်ဖူအန်ကပင် အစ်ကိုတာ့ချမ်းနှင့်သွားဖူးသည့်အဝတ်အစားဆိုင်သို့ ခေါ်သွားရသည်။
သနပ်ခါးရောင်ဝတ်စုံရှည်ကို ဝတ်ဆင်လိုက်ပြီး ထိုအဝတ်အစားနှင့် သူမအတော်ပင်လိုက်ဖက်နေလေသည်။
“ဒါပဲလေ”
ကျန်းယွမ်ယွမ်မှာ အောက်ကိုမချတော့ပေ။
ဆိုင်မှဝန်ထမ်းမလေးက အပြုံးဖြင့်အနားသို့ရောက်လာကာ……….
“မိန်းကလေးအတွက် တကယ်ပဲ အရမ်းလိုက်ဖက်နေတာပဲ…………….ဒီစကတ်လေးအတွက် ကျွန်မတို့ ဈေးလျှော့ပေးပါမယ်……………….
ဒါက ယွမ် ၁၂,၀၀၀ ပဲ ကျပါတော့မယ်ရှင့်”
ယွမ် ၁၂,၀၀၀……………
ငါ့ရဲ့ ၃ လစာလောက်ကြီး…………
ကျန်းယွမ်ယွမ်မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး မယူတော့ဘူးဟု ပြောလိုက်ချင်သော်လည်း တွန့်ဆုတ်နေမိသည်။
သူမတကယ်ပဲ ချစ်သူလေးကို အလှပဆုံးပုံစံဖြင့်သာ တွေ့ချင်မိသည်။
ကျန်းယွမ်ယွမ်မှာ စကတ်လေးကိုကြည့်၍ အံ့ကြိတ်ပြီးပြောလိုက်၏။