အဆောက်အဦတစ်ခုအောက်တွင် ငွေရောင်ပြိုင်ကားလေး ရပ်တန့်သွားသည်။
ဖူအန်က ကျန်းယွမ်ယွမ်ကို လီရှောင်အားဖုန်းဆက်ခိုင်းကာ အောက်သို့ဆင်းလာစေရန်ပြောခိုင်းလိုက်၏။
ဖုန်းပြောပြီးနောက် လီရှောင်မှာ အပြင်သို့လျှင်မြန်စွာပြေးထွက်လာသည်။ သူက လူသူကင်းရှင်းသည့်ထောင့်တစ်နေရာအားရွေးလိုက်၏။
ထို့နောက် သူက ကျန်းယွမ်ယွမ်အားကြည့်ကာ မကျေမနပ် ဒေါသထွက်နေသည့်အသံဖြင့်………….
“မင်းဘာလို့ငါ့ကို ရှာနေရသေးတာလဲ?...............လမ်းခွဲမယ်”
“အာ”
သူ့စကားကြောင့် ကျန်းယွမ်ယွမ်မှာ ဒေါသအလွန်ထွက်၍ရယ်မောလိုက်၏။
“နင်ပဲအရင်ဖောက်ပြန်ခဲ့တာလေ………….အခုကျတော့ ငါ့အမှားတဲ့လား?”
“အဲ့တော့ ဘာဖြစ်လဲ?”
လီရှောင်၏အသံက ရုတ်တရက်ပို၍လေးနက်လာသည်။
“ဝမ်ကျွမ်းနဲ့အတူရှိရတာက အရင်တုန်းက ၁၀ နှစ်ကျော်လောက်ရုန်းကန်လာခဲ့ရတဲ့ဘဝက ကယ်တင်ပေးနိုင်တယ်………………….
မင်းကရော ဘာအသုံးဝင်လို့လဲ?.......................မင်းက သာမန်မိသားစုကပဲလေ………………ငါတို့မတွေ့တော့ရင်ကောင်းမယ်……………….
မင်းအားနေတိုင်း ဖုန်းခေါ်နေလို့မရဘူး……………”
“အာ”
လီရှောင်၏စကားသံက ပို၍မြင့်လာ၏။
ထိုစဉ် အမှိုက်ထည့်သည့်အိတ်ကြီးတစ်လုံးက သူ့ခေါင်းပေါ်မှ ဆွဲကျလာပြီး သူ့ကိုကြမ်းကြမ်းတမ်းတမ်းရိုက်နှက်လိုက်သည်။
“နင့်ကို ဆင်းလာခိုင်းတာမှန်တယ်……………
ဗလာ……ဗလာ……….ဗလာ…….ဗလာနဲ့………….ကျွန်မတို့ရွာထိပ်က အဘွားကြီးတောင်မှ ရှင့်လောက် ဗစီဗစပ်မများဘူး”ဖူအန်က လီရှောင်အား မြေကြီးပေါ်သို့တွန်းလှဲချလိုက်ပြီး ရိုက်နှက်လိုက်၏။
သူမက ဝမ်းနည်းနေရာမှ တုန်လှုပ်သွားသည့်ဟန်ပေါ်နေသောကျန်းယွမ်ယွမ်အားကြည့်လိုက်ကာ…………….