အခန်း (၂၆၇) အစစ်အမှန်ကမ္ဘာ

657 80 17
                                    



ဖုရီရှီက ပေါ်မလာခဲ့သဖြင့် ဖူအန်၏နှလုံးသားမှာ လေထဲ၌တွဲလွဲဆွဲထားသလိုပင် ခံစားနေရ၏။

အခန်းထဲသို့ပြန်ရောက်လာရင်း ဖူအန်ကသတိလက်လွတ် လက်သည်းကိုကိုက်နေမိသည်။

ပါးပါးဖုက ငါ့အမှားကိုအရင်ဝန်ခံစေချင်နေတာတော့ မဟုတ်ပါဘူးနော်?.............

ဖူအန်က ထိုအကြောင်းကိုတွေးမိရင်း တစ်ညလုံးအိပ်မပျော်တော့ပေ။ နောက်တစ်နေ့နံနက်ခင်းတွင် သူမမျက်လုံးများမှာ အညိုရောင်မျက်ကွင်းများပေါ်နေသည်။

သူမသည် ၆ ထပ်မြောက်သို့သွားသည့်လှေကားရှေ့တွင် တွန့်ဆုတ်နေမိသည်။

ရှေ့တိုးရင်လည်း ဒုက္ခရောက်မှာပဲ…………..နောက်ဆုတ်ရင်လည်း ဒုက္ခရောက်မှာပဲလေ…..

ဖူအန်သက်သာရာရသလိုခံစားလိုက်ရပြီး မျက်လုံးများမှိတ်လျှက်ပြေးတက်လာခဲ့ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။

“အစ်ကိုဖု……………..ဂိမ်းထဲမှာ ကျွန်မမှားပါတယ်……………..တောင်းပန်ပါတယ်………..

အဲ့တာက ကျွန်မရဲ့စိတ်ထိန်းချုပ်နိုင်မှုအားနည်းတာနဲ့စွဲလမ်းမှုတွေကြောင့် အစ်ကို့ကို အသရေဖျက်သလိုဖြစ်သွားတာပါ………..

ကျေးဇူးပြုပြီး ကျွန်မကိုအပြစ်ပေးပါ……..”

သူမပြောပြောပြီးချင်း ဖုရီရှီအားမြင်ရမည်ကိုရှက်၍ ၉၀ ဒီဂရီခါးကိုကွေး၍ အလေးပြုလိုက်၏။

အခန်းထဲတွင် တိတ်ဆိတ်သွား၏။
ထို့နောက်အခြားအသံတစ်သံထွက်ပေါ်လာသည်။

“ဆာ…………..အန်အန်လေးက ပြောစရာရှိနေတယ်နဲ့တူတယ်……………..ကျွန်တော်အရင် ဆင်းသွားလိုက်ပါမယ်…….”

ထိုစကားများကိုကြား၍ ဖူအန်ရုတ်တရက်ခေါင်းမော့ကြည့်လိုက်ရာ အပြုံးဖြင့်ရန်ဆန်းပေါ်ထွက်သွားသည်ကို မြင်လိုက်ရ၏။

ရုတ်တရက်သူမနှလုံးသားအေးစက်သွားသည်။

သွားပြီ…………..သေပြီပဲ……

ဖူအန်၏အိမ်မက်ငယ်လေးဖြစ်သည့် အပြစ်ဝန်ခံပြီးပြစ်ဒဏ်လျှော့ပေါ့စေမည့်အကြံကား မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့ပေ။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now