“လက်လျှော့လိုက်တော့”
ဖူအန်ခေါင်းခါလိုက်၏။
“ငါ့လိုမျိုးချစ်စရာကောင်းပြီး လိမ္မာတဲ့ညီမလေးရှိနေမှတော့ သူကနင့်ကိုကြိုက်ပါအုန်းမလား”
“ဖက်တီးမ”
ကျန်းယွမ်ယွမ်က ရုတ်တရက်လက်ဆန့်လိုက်ပြီး ထိုးလိုက်၏။
ဖူအန်ကလှည့်လိုက်ပြီး အလွယ်တကူထိန်းချုပ်လိုက်သည်။
တစ်ခဏကြာ တိုက်ခိုက်နေကြပြီးနောက် ကျန်းယွမ်ယွမ်မှာ ရှုံးနိမ့်သွားပြီး အသက်ပြင်းပြင်းရှုနေရ၏။သူမက ဖူအန်အားကြည့်လိုက်ကာ…………
“ဖက်တီး………………နင်ဘယ်အချိန်က စွမ်းအားကြီးလာတာတုန်း?”
ဖူအန်နှာခေါင်းရှုံ့လိုက်ပြီး ပြုံးလိုက်၏။
“နင်သာ ပုံရိုက်တာလျှော့ပြီးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရမ်းဆိုးဆိုးရွားရွားရှုံးမှာ မဟုတ်ဘူး”
၂ ယောက်သားပြောနေကြစဉ် ရုတ်တရက် ကျန်းယွမ်ယွမ်၏ဖုန်းတုန်ခါလာသဖြင့် စကားစပြတ်သွားကြသည်။
ဖူအန်က စခရင်အားကြည့်လိုက်ရာ အမှန်တကယ်ပင် ‘အချစ်’ ဟုရေးထားလေသည်။
တည်တည်ငြိမ်ငြိမ်ရှိနေဟန်ဖြင့်ရှိခဲ့သည့်ကျန်းယွမ်ယွမ်တစ်ယောက်မှာ ချက်ချင်းပင် ရှက်သွေးဖြာသွားကာ သူမဖုန်းကိုယူလိုက်သည်ကို မြင်လိုက်ရသည်။
သူမက တိတ်တိတ်နေရန်ဟန်ပြလိုက်ကာ ဖုန်းဖြေလိုက်၏။
“ဟယ်လို………….အချစ်”
“အင်း……………ကျွန်မ အက်ဖ်မြို့မှာပဲရှိနေတာ”
“နောက် ၂ ရက်ကြာရင် တွေ့ကြမယ်နော်”
“သိပါပြီ……………အင်း………….ကျွန်မအလုပ်ရှိသေးလို့ အရင်ဖုန်းချလိုက်မယ်နော်………….ဘိုင်”
ဒီလိုညုတုတုအသံ………..
ချိုအိပြီးနူးညံ့နေတဲ့စကားတွေ………….
ဘေးမှနားထောင်နေသည့်ဖူအန်တစ်ယောက် မထိန်းချုပ်နိုင်လောက်အောင် တုန်လှုပ်သွား၏။