အခန်း (၂၆၉) အစစ်အမှန်ကမ္ဘာ (၃)

244 49 2
                                    


ဖူအန်မောင်းထွက်သွားသည်ကိုကြည့်ရင်း ရန်ဆန်းပေါ်က ဖုရီရှီထံသို့စာပို့လိုက်၏။

၆ ထပ်မြောက်တွင်……

ဖုရီရှီက ကားမောင်းထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်ကာ လုပ်လက်စအလုပ်များကို ဆက်လုပ်လိုက်၏။
……………………………………………

ဂိမ်းထဲတွင် ၂ ကြိမ်မျှသာ ကားမောင်းဖူးသောလူတစ်ယောက်အနေဖြင့် ဖူအန်မှာလမ်းပေါ်တွင် အသားမကျဖြစ်နေသည်။

အနိမ့်ဆုံးအရှိန်ဖြင့် ရှောင်ချင်းမိန်တို့ စီးပွားရေးကိစ္စများဆွေးနွေးနေကြသည့် ဟိုတယ်အောက်သို့ မောင်းဝင်လာသည်။

ဖူအန်က ကားထဲတွင်ထိုင်ရင်း စောင့်နေလိုက်၏။

(အနှေးနှင့်အမြန်ပါးပါးဖြစ်လာမည့်သူ……………ကြက်ဥကြီး………….ငါနင်တို့ စီးပွားရေးကိစ္စတွေလုပ်နေတဲ့ဟိုတယ်အောက် ရောက်နေပြီ……………နင်ဘယ်အချိန်ထွက်လာမှာလဲ?)

(မကြာခင်သူဌေးဖြစ်လာတော့မည့်မိန်းမ……….နည်းနည်းစောင့်ပေးအုန်း………….

ဖောက်သည်က ညှိနှိုင်းနေတာပြီးပြီ………..ငါတို့သူဌေးက အလကားဟာတွေ လျှောက်ပြောနေတယ်………….အာ့ကြောင့် အချိန်တွေကြာနေတာ)

ဒုတိယထပ်တွင်………..

ကျန်းယွမ်ယွမ် (ရှောင်ချင်းမိန်) က ဖုန်းထဲမှတစ်ဆင့် စာလျို့ဝှက်စွာပို့လိုက်၏။

(ဖက်တီးမ…………..တစ်မိနစ်လောက် စောင့်ပေးအုန်း…………….အစ်မကြီးက ထွက်လာလို့ရှိရင် မစ်တီးဝယ်တိုက်မယ်)

“ကျန်းယွမ်ယွမ်…”

အသက် ၄၀ ခန့်ရှိသည့်လူလတ်ပိုင်းလူက သူမကိုကြည့်၍ မျက်နှာတင်းတင်းဖြင့်ပြောလိုက်၏။

“လူတွေအများကြီးက နားထောင်နေကြတာ……………….မင်းတစ်ယောက်တည်း ဖုန်းသုံးနေတယ်………….

ကုမ္ပဏီကိစ္စထက် ဘာကပိုအရေးကြီးနေတာလဲ?..............မင်းအလုပ်လုပ်ချင်သေးရဲ့လား?”

ဒီလူက လုပ်နိုင်စွမ်းသာမရှိတာ လေသံက မလျှော့ဘူး………….

ယနေ့မီတင်တွင် သူမတစ်ယောက်တည်း အလုပ်အတွေ့အကြုံရရန်ဆင်းသည့်သူ မဟုတ်ပေ။ အခြားလူအချို့ကလည်း သူတို့စီးပွားရေးကိစ္စဆွေးနွေးနေစဉ် ဖုန်းသုံးနေကြသော်လည်း သူက သူမတစ်ဦးတည်းကိုသာ တွေ့ပြီး အော်ငေါက်နေခြင်းဖြစ်သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now