"လီရှောင်"
ကျန်းယွမ်ယွမ်က သူ့အား မယုံကြည်နိုင်သောမျက်လုံးများဖြင့် ကြည့်လိုက်၏။
သူ၏နှလုံးသားမှာ ဖေဖော်ဝါရီလရှိ ကန်ရေပြင်ထက်ပင် အေးစက်နေလေသည်။
"ဆူညံနေတာပဲ................ငါ့နောက်မလိုက်ပါနဲ့လို့ ငါမပြောခဲ့ဘူးလား?"
ကိစ္စများမှာပေါ်သွားသဖြင့် လီရှောင်က ဖုံးကွယ်ရန်မကြိုးစားတော့ပဲ မိန်းကလေး၏လက်တစ်ဖက်အား ကိုင်လိုက်ကာ .............
"ကျွမ်းကျွမ်း.............သွားရအောင်"
"နင်...........နင်က လူယုတ်မာပဲ"
ကျန်းယွမ်ယွမ်မှာ ရှေ့သို့ပြေးသွားပြီး အဝတ်များထည့်ထားသည့်စက္ကူအိတ်ဖြင့်ရိုက်လိုက်၏။
"လူမြင်ကွင်းကြီးမှာ..........မရှက်ဘူးလား"
ခွန်အားသုံး၍ လီရှောင်က ကျန်းယွမ်ယွမ်၏လက်အားဖမ်းဆွဲလိုက်ကာ ဘေးသို့တွန်းထုတ်လိုက်သည်။
အဝတ်များထည့်ထားသည့်စက္ကူအိတ်မှ ပစ္စည်းများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားလေသည်။ကျွမ်းကျွမ်းဟုခေါ်သည့်မိန်းကလေးမှာ ကျန်းယွမ်ယွမ်အား မောက်မာစွာဖြင့် ကြည့်လိုက်ပြီး.........
"ငါမှာတောင် အိတ်မရှိသေးဘူး.............နင်က ဒီလိုနာမည်ကြီးဆိုင်ကို လာသုံးဖြုန်းရဲနေတယ်ပေါ့?.......
အစ်ကိုလီရှောင်............ကျွန်မဒါလိုချင်တယ်....."
ကျွမ်းကျွမ်းက ကောင်တာပေါ်တွင်တင်ထားသည့်အိတ်လေးကို လက်ညိုးထိုးပြရင်း ပြောလိုက်၏။
လီရှောင်က ဈေးနှုန်းကိုကြည့်လိုက်၏။
ဒီလောက်သေးတဲ့ဟာလေးအတွက် ယွမ် ၂၈,၀၀၀ တောင်ပေးရတယ်လား..........
သူသည် အလုပ် ၂ လမျှသာ စလုပ်ခြင်းဖြစ်ပြီး ပိုက်ဆံများများမစုမိသေးချေ။ သို့သော်လည်း ယခုအခြေအနေအရ ဤအိတ်ကိုသာ ဝယ်မပေးပါက ယနေ့ထွက်သွားရမည်မဟုတ်ပေ။
လီရှောင်မှာ နာကျင်စွာဖြင့် ပိုက်ဆံအိတ်ကိုထုတ်လိုက်၏။
"ဝယ်......ဝယ်.......ဝယ်...........ကျွမ်းကျွမ်းလေးကြိုက်ရင် ဝယ်ကြတာပေါ့....."