"ပိန်ကျသွားလိုက်တာကောင်လေးရာ"
မိုးမိတာရော အရင်ရက်တွေကပါအိပ်ရေးပျက်အစားပျက်ဖြစ်ထားတဲ့ဒဏ်တွေကြောင့် ကုတင်ပေါ်မှာသတိလစ်နေဆဲဖြစ်နေတဲ့ကောင်လေးရဲ့ ပါးလေးကိုအသာထိတွေ့မိသည်။
ကိုယ်အပူရောရှိနေသေးသည်။
ဒီလိုပုံစံနဲ့ကိုယ်ဘယ်လိုများမင်းကိုစိတ်ချပြီးထားသွားရမယ်ကောင်လေးရယ်။အနီးကပ်အတူမရှိရတာကြာပြီဖြစ်တဲ့မျက်နှာချောချောအား အသာထိုင်ငေးနေမိရင်း
အတွေးပေါင်းစုံလည်းခေါင်းထဲဝင်နေသည်။မင်းအတွက်အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုကိုယ်စဉ်းစားနေတယ်ကောင်လေး
ရီတော့ရီရသားနော် ကိုယ်အဆင်ပြေမယ့်နည်းလမ်းထက် မင်းဒုက္ခမရောက်မယ့်မင်းပျော်မယ့်နည်းလမ်းကိုပဲကိုယ်စဉ်းစားနေမိတာ
ကိုယ်မင်းကိုဒီလောက်တောင်ချစ်မိနေပြီပဲစိတ်ချပါကောင်လေး ကိုယ်လေ မင်းပျော်ရွှင်စေမယ့်နည်းလမ်းကိုပဲရွေးချယ်တော့မှာ မင်းလည်းကိုယ့်ေကြာင့်ဒုက္ခမရောက်စေရပဲနဲ့ပေါ့
လွမ်းနေခဲ့တာကိုယ့်ကောင်လေး ကိုယ့်ရဲ့ဝက်ဝံညိုလေး
ကောင်လေးရဲ့ လက်ချောင်းတွေကြားမိမိရဲ့လက်ချောင်းတွေအံဝင်ဂွင်ကျဖြစ်အောင်ဆုပ်ကိုင်လိုက်ရင်း ပါး၌ထိကပ်ထားလိုက်သည်။
အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းကိုလည်းစဉ်းစားရင်းး
မျက်ဝန်းကိုအသာလေးမှိတ်လိုက်တော့ မြင်ယောင်လာရတဲ့ ကောင်လေးရဲ့အပြုံးလေးတွေ လေးထောင့်ပုံစံအပြုံးလေး boxy smile လေး တကယ်ပါပဲ ကိုယ့်မှာလေ မင်းကိုဒီလောက်ထိတောင်ရူးသွပ်နေမိပြီ။
အသာပြုံးရင်း မျက်ဝန်းတွေကိုဆက်လျက်မှိတ်ထားပြီး ကောင်လေးနဲ့ကိုယ့်ရဲ့အနာဂတ်လေးကိုကြိုတင်စီစဉ်လိုက်သည်။
အပြုံးလေးကမျက်နှာမှာအလိုလိုပေါက်ဖွားလျက်
ကောင်လေးနဲ့အနာဂတ်ဆိုကတည်းက
အင်းးးး မနက်ခင်းတိုင်းကိုကောင်လေးနဲ့အတူနိုးထရမယ် ညတိုင်းကိုလည်းကောင်လေးနဲ့အတူဖြတ်သန်းရမယ် ပြီးတော့ ကောင်လေးချက်ကျွေးတာတွေစားမယ် ကောင်လေးပန်းချီဆွဲတာထိုင်ကြည့်မယ် ကောင်လေးရဲ့အညိုေရာင်ဆံပင်ကောက်ကောက်လေးတွေထဲလက်ထဲပြီးဖွပစ်မယ် အဲ့လိုဆို ကောင်လေးကလည်းboxy smile လေးနဲ့ပြုံးပြပြီး ချစ်တယ်အကိုရာဆိုပြီးပြောမယ် ကောင်လေးနဲ့အတူဈေးဝယ်ထွက်မယ် ကောင်လေးနဲ့အတူ
ကောင်လေးနဲ့အတူ.........
ကောင်လေးနဲ့အတူ.........

YOU ARE READING
Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်
Фанфик"ရှင်သန်နေသရွေ့ အကို့အားချစ်နေမည်။ နှလုံးသားထဲအကိုရှိနေသရွေ့ရှင်သန်နေမည်။ ထို့ကြောင့် နှလုံးသား၌အကိုရှိနေသည်မှာ ရှင်သန်းခြင်းရပ်ဝန်းဖြစ်တည်နေခြင်းဖြစ်သည်။"