"လေလေးကတဖြူးဖြူးနဲ့ ကြက်ကြော်နဲ့ဘီယာနဲ့ ရှယ်မိုက်ပဲ"
ကိုယ်တွေနေတဲ့တိုက်ခန်းရဲ့ခေါင်မိုးထပ်မှာရှိနေခြင်းဖြစ်သည်။
"နမ်ဂျွန်း ငါမသိလို့မေးဦးမယ် မင်းကဂျောင်ကုကိုဘာလို့အခုထိအဖြေမပေးသေးတာ "
နမ်ဂျွန်းနဲ့နှစ်ယောက်သားသောက်ဖို့ထွက်လာခါနီး သူပါအသဲကွဲနေသလိုပုံစံကြီးနဲ့ ငါရောပါမယ်ဆိုပြီးလိုက်လာတဲ့ယွန်းဂီဟျောင်းရဲ့အပြောကို ကိုယ်ပါဝင်ထောက်ခံလိုက်သည်။"ဟုတ်တယ် ငါလည်းသိချင်နေတာအဲ့တာ"
"အဲ့တာက ငါကြောက်လို့ အရင်လူတုန်းကလိုထားသွားတာခံခဲ့ရရင် ငါတကယ်သေလိမ့်မယ်"
"ဒါမဲ့ဂျောင်ကုကီးကအဲ့လိုလူမဟုတ်တာသိတယ်မလားငါတို့ဒီလောက်ကြီးအတူရှိလာတာပဲကို"
"အေးလေ ငါတို့ကုကီးလေးက အဲ့လိုလုပ်မယ့်သူမှမဟုတ်တာ"
"သိပါတယ် အခုနောက်ပိုင်း ပိုပိုသေချာသိလာရပါတယ်"
"ဟိုကအစကတည်းက မင်းကိုပဲမျှော်ကြည့်နေခဲ့တာ မင်းကသာမမြင်ပဲတခြားကိုအဟုတ်ထင်ပြီးရွေးသွားသေးတာ"
"မင်းကလည်းကွာ အဲ့တုန်းကကျငယ်သေးတာကိုးကွ"
"အဲ့လိုဆိုမှ ငါတို့အတူရှိလာတဲ့နှစ်တွေကမနည်းတော့ဘူးပဲ"
ယွန်းဂီဟျောင်းအပြောကြောင့် အတိတ်အချိန်တွေဆီခနအလည်ရောက်သွားမိသည်။
ကျတော်တို့၄ယောက်လုံးကမိဘမဲ့ဂေဟာမှာဆုံကြတဲ့သူတွေပါ
ကျတော်တို့နှစ်ယောက်နဲ့ ဂျောင်ကုကီးနဲ့က၅နှစ်လောက်ကွာကြပါတယ်
ယွန်းဂီဟျောင်းနဲ့ကုကီးနဲ့က၇နှစ်လောက်ကွာတယ်ထင်တယ်။
ဂျောင်ကုကီးက ကျတော်တို့ဆီနောက်ကျမှရောက်လာခဲ့တာ အဲ့ကလေးကရောက်လာကတည်းကကင်နမ်ဂျွန်းကိုပဲကြည့်နေခဲ့တာလေ။
နမ်ဂျွန်းက သူ့အချစ်ဦးနဲ့ပိုးစိုးပက်စက်အသဲကွဲတုန်းကရော
အနိမ့်ကျဆုံးအချိန်တွေမှာတောင် ကင်နမ်ဂျွန်းနားရှိနေပေးခဲ့တာဂျောင်ကုကီးက

YOU ARE READING
Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်
Hayran Kurgu"ရှင်သန်နေသရွေ့ အကို့အားချစ်နေမည်။ နှလုံးသားထဲအကိုရှိနေသရွေ့ရှင်သန်နေမည်။ ထို့ကြောင့် နှလုံးသား၌အကိုရှိနေသည်မှာ ရှင်သန်းခြင်းရပ်ဝန်းဖြစ်တည်နေခြင်းဖြစ်သည်။"