🅁🄴🄻🄸🄶🄸🄾🄽 15

1.3K 172 19
                                    

"ဒီမှာ !!၊ မင်းအပြစ်ပေးတာဘာညာ
ငါဘာမှဝင်မမေးဘူး၊ တစ်ခုပဲ..
ကလေးကိုတစ်ယောက်တည်း
အိမ်သေးသေးလေးတစ်လုံးနဲ့ပစ်ထားတာ
ငါမခံသာနိုင်ဘူး "

"မမ"

"ဘာမှထပ်မပြောနဲ့ သွား..၊ အခုချက်ချင်း
အားကျန့်အရင်နေခဲ့တဲ့အခန်းကို
ပြင်ဆင်ကြ၊ အမြန်ဆုံးနည်းနဲ့နော်!!"

"ဟုတ် ဟုတ်ကဲ့ပါ အစ်မတော်ကြီး"

မနက်စောစောမှာ မြို့ဝန်မင်းအိမ်တော်ထဲက
အစေခံတွေ ခြေချင်းလိမ်ပဲ။
ရှောင်းကျန့်က ခေါင်းလေးငုံ့ထားပြီး
လက်သည်းခွံလေးတွေကိုကုတ်ခြစ်နေခဲ့ကာ
အဲဒီ့နေရာကိုပဲငေးကြည့်နေမိတယ်။

သူ ဒီမှာမနေချင်ဘူး၊
ဒါက ရိပေါ်ကြောင့်ချည်းပဲမဟုတ်ပဲ
သူ့မျက်စိရှေ့ကရှုပ်ထွေးမှုတွေကို
မခံစားနိုင်တော့တာကြောင့်ဖြစ်နိုင်တယ်။
တစ်ချက်တစ်ချက် ကြင်ယာတော်လှမ်းကြည့်တဲ့
မနှစ်မြို့တဲ့မျက်လုံးတွေကလည်း
သူ့ကိုအနေကျပ်စေတယ်။

'အဆင်ပြေပါတယ်၊ ဘာမှမဟုတ်လောက်ဘူး
စိတ်အေးအေးထား၊ ခနလောက်နေပြီး
ပြန်လာလို့ရတာပဲ'

အနောက်ဘက်စံအိမ်လေးမှာ ရိပေါ်ကျန်ခဲ့တယ်။
သူ့အတွက် ဆေးကျိုပေးဖို့ပြင်ဆင်နေရင်း
ချိုချိုအေးအေးပြောလာတဲ့နှစ်သိမ့်စကားက
သူ့နားထွက်ကထွက်မသွားသေး။

ဘာလို့မှန်းမသိ ကိုကိုကြောက်မိတယ်ရိပေါ်..။

..............

မနက်စာဝိုင်းက အပ်ကျသံပင်
ကြားရအောင်တိတ်ဆိတ်လို့နေတယ်။
သူ့ရဲ့အိမ်လေးမှာလည်း အေးချမ်းတဲ့
မနက်ခင်းတွေရှိပေမယ့် ဒီလိုအသက်ရှူကျပ်စရာ
လေထုမျိုးနဲ့မဟုတ်ဘူး။
အရိပ်အခြေကြည့်စရာမလိုဘူး..
ငြိမ်းချမ်းတယ်၊ နွေးထွေးတယ် ပြီးတော့
စိတ်လွတ်လက်လွတ် ရယ်မောလို့ရတယ်။

"အားကျန့်က ဒီနှစ်ဘွဲ့ရတော့မှာမလား"

"ဟုတ် ကဲ့..ကြီးကြီး"

ရှောင်းကျန့် တူကိုချပြီး
သတိအနေအထားနဲ့ဖြေလိုက်တယ်။
ကြီးကြီးက ခေါင်းတစ်ချက်ညိတ်ပြီး

"ကောင်းတယ်၊ မင်းအဖေနောက်ကိုလိုက်ဖို့
အချိန်ပိုရသွားတာပေါ့"

R E L I G I O N Where stories live. Discover now