Part 32❗

78 6 0
                                    

🖤🖤

ဆေးရုံကနေ အဖြေသိရပြီးကတည်းက အခုချိန်ထိဆို နှစ်ပတ်ကျော်မျှကြာမြင့်ခဲ့ပြီဖြစ်သည်။ မာန်ရဲ့လက်ဒဏ်ရာမှာလည်း အကောင်းအတိုင်းပြန်ဖြစ်လာပြီး အရင်လိုလှုပ်ရှားနိုင်နေပြီဖြစ်သည်။

" မာန် ဘာလုပ်နေတာလဲ "

Tina မနက်မိုးလင်းကတည်းက မတွေ့ရသေးတဲ့ယောင်္ကျားဖြစ်သူကို တွေ့လိုတွေ့ငြားလိုက်ရှာမိရာ မီးခိုခန်းထဲရောက်မှ မာန့်ကိုတွေ့မိတော့သည်။ မာန်က Apron ဝတ်ပြီး တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေပုံပေါ်ကာ သူမခေါ်မှနောက်လှည့်လာခဲ့ပြီး၊

" နိုးပြီလားမိန်းမ "

" အင်း "

Tina ပြန်ဖြေတော့ မာန်ကပြုံးကာ အနားကပ်လာပြီး သူမနဖူးထက်ကို ကြင်နာစွာအနမ်းပေးရင်း၊

" မွ မောနင်း "

မာန့်အပြုအမူကို သဘောကျမိကာ Tina ကလည်း ခြေဖျားအနည်းငယ်ထောက်ပြီး မာန့်ရဲ့ပါးတစ်ဖက်ကိုအနမ်းခြွေလိုက်ရင်း၊

" မောနင်းပါ မာန် "

" မျက်နှာသစ်ပြီးပြီလား "

" အင်း ပြီးပြီ မာန်ကော ဘာတွေလုပ်နေတာလဲ? "

Tina မာန့်အနောက်ကပွက်ပွက်ဆူနေတဲ့အိုးကိုကြည့်ပြီး မေးလိုက်လေသည်။

" မနက်စာပြင်နေတာလေ "

" ဟင် အန်တီတို့ရှိတာကို "

" No...no...မတူဘူးလေ မိန်းမရယ် "

" ဘာမတူတာလဲ "

" မိန်းမအတွက်ကော ဘေဘီလေးအတွက်ပါ ကိုယ်ကကြိုးစားပေးထားတာ လာ ဒီမှာခဏထိုင်နေပေး ကိုယ်အခုယူလာပေးခဲ့မယ် "

မာန်က Tina ပုခုံးလေးကနေထိန်းကိုင်ပေးရင်း ထမင်းစားပွဲဝိုင်းမှာ ထိုင်ခိုင်းလေသည်။ ပြီးနောက်မာန်က သူပြင်ဆင်ထားတဲ့ ပန်းကန်လေးတွေအစီအရီချပေးလာကာ နောက်ဆုံးအပြီးသတ်မှာ လက်ဆေးပြီး Apronချွတ်ကာ သူမအနားလာထိုင်လေသည်။

" ဝါး...မာန် ဒါတွေအကုန်မာန်ပြင်ဆင်ထားတာလား "

" အင်း ကိုယ့်မိန်းမအတွက် ကိုယ်တိုင်ချက်ကျွေးချင်လို့လေ "

No Hypocrisy smile🖤Where stories live. Discover now