Ep-13
Luhanရော KYMရော ရဲတွေရောအကုန်ရေကန်ကိုသံဒုတ်တွေနဲ့ရိုက်ပြီးခွဲနေပါတယ်။ ခွဲပါများတော့ရေကန်အက်လာခဲ့တယ်။နောက်ဆုံးအားပါပါနဲ့ရိုက်လိုက်တော့မှရေကန်ကြီးကွဲသွားခဲ့တယ်။
Luhanလည်းXiuကိုအမြန်ကယ်ပြီးကြိုးအမြန်ဖြေပေးလိုက်တယ်။
Lu :: Xiu သတိထားပါအုန်း
Yeol :: ဆေးရုံကားရောက်လာပြီ ဆိုပြီးXiuကိုအမြန်ဆေးရုံပို့လိုက်ရတယ်။
At hospital,
Xiuကိုအမြန်operationခန်းထဲပို့လိုက်သည်။
One hour
-
-
-
-
-
-
Two hour
-
-
-
-
-
-
Three hour later,
Lu ,KYM :: Dr. Dr
Lu :: Dr. XIUအခြေနေဘယ်လိုလဲဟင် အကုန်အဆင်ပြေတယ်မလား
KYM :: သမီးလေးရောဟင် သမီးလေး အဆင်ပြေတယ်မလား
Baek :: Xiuလေးအခြေနေဘယ်လိုလဲဟင် Dr.
Dr :: စိတ်မကောင်းပါဘူးဗျာ
Lu,KYM,Baek,Yeol :: ဗျာာာာာ ရှင်
Lu :: ဘာကိုစိတ်မကောင်းတာလဲ ဘာကိုလဲDr.
KYM :: သမီးလေး ဘာဖြစ်လို့လဲ
Dr. :: လူနာကရေထဲမှာနေတာအချိန်ကြာသွားလို့အဆုတ်ထဲရေ၀င်များပြီးအသက်ရူကြောင်းပိတ်ပြီးသေဆုံးခဲ့ရတာပါ
Lu :: Nae!!!!!! ဒါဆို Xiu
KYM :: သမီးလေးကိုအသက်မကယ်နိုင်တော့ဘူးလားDr. ပိုက်ဆံဘယ်လောက်ကုန်ကုန်ပါ ရအောင်ကယ်ပေးပါ KYMလည်းယောက်ကျားအရင့်မာကြီးမတန်ပဲငိုနေမိတယ်။
Baek :: Xiuလေး အဟင့်ဟင့် သနားပါတယ် Xiuလေးရယ်
Yeol :: Baekရယ် Yeolလည်းBaekကိုသူ့ရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်ပေးလိုက်ရတယ်။
Lu :: မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး Dr.မဟုတ်ဘူးလို့ပြောပေးပါ Dr.
Dr :: စိတ်မကောင်းပါဘူးဗျာ ပြောပြီးDr.လည်းထိုနေရာမှထွက်သွားခဲ့တယ်။
KYMကတော့ယူကျုံးမရငိုနေလိုက်တယ်။Luhanကတော့အရူးတယောက်လိုမဖြစ်နိုင်ဘူး လိမ်နေတာဆိုပြီးသာဆက်တိုက်ပြောနေမိတယ်။
XIUMINအလောင်းကိုထားတဲ့အခန်းထဲကိုBaekYeol,KYM,LUHANတို့ဝင်ကြည့်ပြီးငိုကျသည်။Baekအရမ်းငိုနေလို့Yeolလည်းအပြင်ကိုနှစ်သိမ့်ပြီးခေါ်ထုတ်ခဲတယ်။KYMကတော့သူ့သမီးသေရတာluhanဦးလေးကြောင့်ဆိုပြီးရှေ့နေဆီကိုဖုန်းဆက်ပြီးluhanဦးလေးကိုသေမိန့်ချအောင်ပြောလိုက်တယ်။အခန်းထဲတွင်luhanနဲ့Xiuminနှစ်ယောက်ထဲကျန်ခဲ့တယ်။luhan Xiuminလက်လေးကိုကိုင်ပြီး
Lu :: Xiuကိုယ်တို့လက်ထက်ရအုန်းမယ်လေ ပြီးရင်ကလေးတွေအများကြီးမွေးပြီးပျော်ပျော်နေရအုန်းမယ် ပြီးရင်ကိုယ်တို့ကလေးလေးတွေနဲ့တူတူပျော်ပွဲစားထွက်ပြီးနေရာစုံလျှောက်လည်ကျရအုန်းမယ်လေ Xiuထတော့လေ အကြာကြီးမအိပ်ရဘူးXiuရဲ့နေမကောင်းဖြစ်တတ်တယ်။ (ငိုလျက်)
Luhanတယောက်အားရပါးရကိုငိုချပြစ်လိုက်တယ်။နာရီဝက်ကြာအောင်ငိုပြီးမှာ
Lu :: Xiu ကိုယ်ပုံပြင်ပြောပြမယ်လေ ပုံပြင်ပြောပြပြီးရင်ထတော့နော်
Xiu :: ......
Lu :: ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကျတဲ့မင်းသားလေးနဲ့မင်းသမီးလေးနှစ်ယောက်ရှိတယ်တဲ့ မင်းသားလေးနဲ့မင်းသမီးလေးကကိုယ်နဲ့Xiuလိုပဲအရမ်းချစ်ကျတာ သိလားXiu
Xiu :: ......
Lu :: တနေ့မှာမင်းသားလေးနဲ့မင်းသမီးလေးတို့ချိန်းတွေ့နေတာကို မင်းသမီးလေးအဖေကသိသွားခဲ့တယ်လေ မင်းသမီးလေးအဖေကလေ မင်းသမီးလေးကိုမင်းသားလေးနဲ့သဘောမတူဘူးတဲ့ ဘာလို့လဲဆိုတော့မင်းသားအဖေနဲ့မင်းသမီးအဖေက ကမ္ဘာရန်သူတွေဖြစ်နေလို့လေ နောက်ရက်ကစပြီးမင်းသမီးလေးကိုအခန်းပိတ်ထားခဲ့တယ်။ မင်းသားလေးရောမင်းသမီးလေးတယောက်ကိုတယောက်သတိရနေကျတယ်လေ တနေ့မှာမင်းသမီးလေးကခိုနဲ့မင်းသားလေးဆီကိုစာပို့လိုက်တယ်။ သူ့ကိုလပြည့်ညကျရင်လာခိုးဖို့လေ မင်းသားလေးလည်းလပြည့်ကျမင်းသမီးလေးချိန်းတဲ့နေရာမှာစောင့်နေလိုက်တယ်။
မင်းသမီးလေးကသူ့အိပ်ဆောင်ကနေခိုးထွက်ပြီးမင်းသားလေးနဲ့ချိန်းတဲ့နေရာကိုရောက်အောင်သွားခဲ့တယ်။ချိန်းတဲ့နေရာလည်းရောက်ရော........ဘာဆက်ဖြစ်မလဲသိလားဟင်Xiu
Xiu :: ........
Lu :: မင်းသမီးလေးအဖေကသိသွားပြီးသမီးမိုက်ဆိုပြီးအသေရရအရှင်ရရဖမ်းခိုင်းလိုက်တယ်သူ့သမီးကို မင်းသမီးလေးအဖေရဲ့တပည့်တွေကလည်းလိုက်ဖမ်းကျတယ်။ တောထဲမှာမင်းသားလေးနဲ့မင်းသမီးလေးကိုတွေ့သွားပြီးလိုက်ဖမ်းကျတယ်။ မြားတွေနဲ့လည်းပြစ်ကျတော့မင်းသမီးလေးကိုမြားမှန်သွားတယ် ပြီးတော့နှစ်ယောက်လုံးဂျောက်ထဲကျသွားတယ် သိလားXiu သနားပါတယ်နော်
Xiu :: ....
Lu :: သတိရလာတော့မင်းသားလေးကမင်းသမီးလေးကိုရှာတော့
သတိလစ်နေတဲ့မင်းသမီးလေးကိုတွေ့သွားတယ်လေ ကံဆိုးချင်တော့မင်းသမီးလေးကအသက်မရှိတော့ဘူး Xiuရဲ့ အဲ့ချိန်မှာလေကြယ်ကြွေကျတာကိုတွေ့ပြီးမင်းသားလေးကဘာဆုတောင်းလိုက်လဲသိလားဟင် Xiu
Xiu :: ....
Lu :: မင်းသားလေးဆုတောင်းတာကလေ သူအနမ်းနဲ့မင်းသမီးလေးအသက်ရှင်လာပါစေတဲ့ မိုက်တယ်နော်Xiu(ပြုံးပြီးပြောလိုက်တယ်) ဒါနဲ့ပဲမင်းသားလေးကမင်းသမီးလေးကိုနမ်းလိုက်တာ ဘာဖြစ်သွားလဲသိလားXiu
Xiu :: .......
Lu :: မင်းသမီးလေး အသက်ရှင်လာတယ်လေ အာ့ကြောင့်ကိုယ်လည်းကိုယ်ရဲ့မင်းသမီးလေးXiuကိုနမ်းမယ်နော်
Xiu :: ....
Mawk
Lu :: Xiuထတော့လေ ကိုယ်နမ်းပြီးပြီ ထတော့လေ ဘာလဲနောက်ထပ်လိုချင်သေးလို့လား ရမယ်နောက်တခါဆက်နမ်းပြီ 'မွ' ဟင် ထသေးဘူးလားပုတ်လေးကတော့ မထချင်အုန်း ရော့နောက်ထပ်တခါ 'မွ'
Xiu :: ........
Lu :: Xiuထတော့လေကွာ ကိုယ်သုံးခါတောင်နမ်းပြီးပြီကို ပုံပြင်ထဲမှာမင်းသားလေးကမင်းသမီးလေးကိုနမ်းလိုက်တာ မင်းသမီးလေးပြန်အသက်ရှင်လာတယ် Xiuကျ ဘာလို့ပြန်မနိုးလာရတာလဲ Xiuထပါတော့ကွာ Xiu
အခန်းအပေါက်ကနေကြည့်နေတဲ့Yeol၀င်လာပြီး
Yeol :: luhan yarr သတိထားပါကွာ Xiuကမရှိတော့လေ
Lu :: လျှောက်ပြောနေတာ Xiuကျွန်တော့်ရှေ့မှာလေ ဘာလို့မရှိတော့ဘူးလို့ပြောရတာလဲ
Yeol :: luhanရာ စိတ်ကိုထိန်းစမ်းပါ သတိလည်းထားအုန်း Xiuကမရှိတော့ဘူး
Lu :: Hyung Xiuကျွန်တော်ကိုထားခဲ့တယ်ဗျာ
Yeol :: apk Hyungသိပါတယ်
Lu :: Xiuမတရားဘူး ကျွန်တော့်ကိုကတိပေးထားတာကို ကတိမတည်ခဲ့ဘူး (ငိုလျက်)
Yelo :: Aပါ ခုအိမ်ြပန်ရအောင်နော် မနက်ဖြန်Xiuဈာပနာအတွက်လုပ်ရအုန်းမယ်လေ
Lu :: Hyung Xiuကျွန်တော့်ကိုထားခဲ့တယ်ဗျာ မတရားဘူးသူကျွန်တော့်ကိုတယောက်တည်းထားခဲ့တယ် (ငိုလျက်)
Yeol :: Arrasaw လာပါ အိမ်ပြန်ရအောင်နော် ဆိုပြီးluhanကိုခေါ်ထုတ်သွားခဲ့တယ်။
သူတို့မသိလိုက်တာကXiu၀ိညာဉ်သူတို့နားမှာရှိနေတာကိုပါ Luhanမေးတုန်ကလည်းXiuပြန်ဖြေခဲ့ပါတယ်။Xiuက၀ိညာဉ်ဆိုတော့XiuပြောတာတွေLuhanမကြားခဲ့တာပါ။တကယ်တော့luhanစကားတခွန်းပြောလိုက်တိုင်းXiuပြန်ဖြေခဲပ့ါတယ်။ နောက်ဆုံးမှာXiuminကတိတခုပေးခဲ့ပါတယ်။
အဲ့ကတိက..............To be continue..............