Part 1
KaiSoo Romance Love Story
၁၆ နှစ် ....၁၆ နှစ် ဆိုတဲ့ သူ့  အရွယ်က လူကြီး တွေ ပြောပြော နေတဲ့ မိန်းကလေးတွေ ဆို ရင် သစ်ရွက်လေး လှုပ်သွားတာတောင် ရင်ခုန်တတ်တဲ့ အရွယ်...အခု သူလည်း ၁၆ နှစ် ပြည့်ပြီ လူကြီး တွေ ပြောသလို...... သူက မိန်းကလေး မဟုတ်ပေမယ့် သူ ဆိုတဲ့ အဲ့ သူကို တွေ့ တိုင်း သူ့ရင်တွေထိန်းမရအောင် ခုန်ခဲ့တာ...ဘာတွေ ဘဲ ဖြစ်နေပါစေ သူ့ အနားမှာဘဲ ရှိချင်ခဲ့တာ သူ့ အတွက်ဆိုရင် အသက်ပါ ပေးဆပ်နိုင်သည် အထိ ချစ်နေတာ...... အဲ့ သူက သူ့ရဲ့ တစ်ဉီးတည်းသော Do Kyung Soo ဆိုတဲ့ ကောင်လေး .....အရမ်း ချစ်ဖို့ ကောင်းတဲ့ သူ့  အချစ်ဉီးပါ
¥¥¥¥¥¥
Jongin နောက်ဆုံး အနေနဲ့ လွယ် အိတ်မလွယ်ခင် မှန်ထဲမှာပေါ်နေတဲ့ သူ့ပုံရိပ်ကို တစ်ချက် ပြန်ကြည့် လိုက်သည်....ကျောင်းအင်္ကျီ အဖြူလေး ပေါ်မှာ Necktie လေးကလည်း ပုံကျ စွာ ဖြစ်နေတော့ သူနဲ့ လိုက်ဖက်သည် ဟု သူထင်ပါသည်...... မနေ့ကမှပုံသွင်းလာတဲ့သူ့ ဆံပင် ညိုညိုလေးတွေ ကလည်း ဂျယ် ရဲ့ အကူ အညီကြောင့် စတိုင် ကျနေသည်....ကျောင်းက ပေးတဲ့ ဘောင်းဘီ ကြီးက ပုံမကျ ဟု သူ ထပ်တလဲလဲ ပြောနေတဲ့ ဘောင်းဘီ လေး ကလည်း ပုံကျနေတယ်လေ..ဘယ်ရမလဲ Kim Jongin ပါတဲ့ ကျောင်းက ပေးတဲ့ ဘောင်းဘီ ကြီးက ထည့်ပုံစံ ရိုးရိုးကြီးဖြစ်နေတာမို့ သူ အပ်ချုပ်ဆိုင်မှာ အောက်ရှူးလေးဖြစ်အောင် ပြင်ခိုင်းထားတာ..နောက်ဆုံး အနေနဲ့ အောက်မဆင်းခင် ရေမွှေးလေး ဖျန်းကာ MCM အိတ်လေးကို ကောက်လွယ်ပြီး အောက်ထပ် ဆင်းခဲ့သည်
အောက်ရောက်တော့ စိန်တွေကို မှန်ဘီလူးနဲ့ ကြည့်နေတဲ့ Omma
သူ့ Omma က သူ့ကို တစ်ချက် လှမ်းကြည့်ပြီး
သား ပဲတွေ များနေသလိုဘဲ ကျောင်းသွားမှာလား ရည်စား အရှာသွားတာလား ဆိုတဲ့ သူ့ Omma စကားကို သူပြုံးကာ သူ့ Omma ဘေးကို ၀င်ထိုင်ကာ ဖက်လိုက်ပြီး