PROMISE
Jongin သူ ခံနိုင်ရည် ရှိမယ် ထင်ထား ပေမယ့် သူ မှာ ခံနိုင်ရည် မရှိတော့
Hyung is mine !!! သူဘဲ Hyung ကို ပြန်ပိုင်ဆိုင်ရမည်
သူ ရုတ်တရက် ထိုင်နေရာ ကနေ ထကာ ဖက်ပြီး ကနေကြတဲ့ Hyung ကို သူ လက်တစ်ဖက်နဲ့ စောင့်ဆွဲလိုက်သည် သူ့ အပြု အမူတွေ ခက်ထန်သွားသလား သူသတိမထားနိုင်
~ Kim Jongin ဘာလဲ
Kyung Soo ရုတ်တရက် အဆွဲခံလိုက်ရတော့ ကြည့်လိုက်တော့ ဆွဲတဲ့ သူက တခြားသူ မဟုတ် Jongin ပင်.....သူ့ လက်ကို ဆွဲထားတဲ့ Jongin လက်ထဲကနေ ရုန်းရင်း
~ ဘာလဲ ???
~ Hyung ကျွန်တော်နဲ့လိုက်ခဲ့ စကား ပြောရအောင်
Sehun တစ်ယောက် ပြုံးစစ နဲ့ အဲ့ အခြေ အနေ ကို ခန ရပ်ကြည့် ပြီးကာမှ Hyung ကိုယ်လေးကို Jongin ရှေ့မှာပင် နောက်ကနေ သိုင်းဖက်ကာ
~ မင်းခေါ်ချင် တိုင်း ခေါ်ရအောင် Hyung က ကစား စရာ အရုပ်မဟုတ်ဘူး ပြီးတော့ ငါ ခွင့်မပြုနိုင်ဘူး Kim Jongin
Sehun ပြောတော Jongin ဒေါသတွေ လုံးဝ ထိန်းမရတော့ သူ လက်လွန်းသွားတာ သူ့လက်သီးက Sehun မျက်နှာပေါ် ကျရောက်သွားလေသည်
~ Kim Jongin
ဒေါသ ထွက်နေတဲ့ အသံ ဒေါသထွက်နေတဲ မျက်ဝန်းတွေနဲ့ Hyung ကို မြင်ကာမှ သူမှားတယ် ဆိုတာ သူ သတိထားမိတာ Hyung ကတော့ သူ့ကို တွန်းထုတ်ရင်း
~ မဆိုင်တဲ့ သူတွေကို ထိဖို့ မကြိုး စားပါနဲ့ Kim Jongin..ပြီးတော့ Sehun ကို မထိနဲ့ ငါ မကြိုက်ဘူး မင်းလည်း မင်းလမ်း မင်းလျောက်နေပြီဘဲ ငါ့ကို ထပ်မနှောင့်ယှက်ပါနဲ့
Hyung ကပြောချင်ရာ ပြောပြီး Sehun လက်ကို ဆွဲကာ ထွက်သွားတော့ ကျန်နေခဲ့ရသူက Jongin သာ
Sehun မှာတော့ Hyung ဆွဲခေါ်လာလို့သာ လိုက်လာရတယ် ရယ်ချင်စိတ်က လုံးဝ ထိန်းမရ မှုန်သုန်ကာ သူ့ကို ကြည့်နေတဲ့ Kim Jongin ကို သူလျာထုတ်ကာ ပြောင်ပြလိုက်တော့ Jongin က သူ့ကို လက်သီးထောင်ပြလေသည်
YOU ARE READING
RROMISE...
Fiksi PenggemarKaiSoo(Dika) Myan Sub Slight Angst with Romane Love Story