PROMISE
Taemin နဲ့ တွေ့တော့ Taemin တစ်ယောက် Jongin ပြောတဲ့ စကား ကြောင့် လက်ထဲက ဖန်ခွက်တောင် ကျသွားရသည်
" မင်းက Hyung ကို ခိုးပြေးမယ် ဟုတ်လား "
Taemin က အသံပြဲကြီးနဲ့ အော်တာကြောင့် Jongin အမြန်ထကာ ပါးစပ်း လှမ်းပိတ်ရင်း
~ ငါမှ မစွန့်လွတ်နိုင်တာ ငါသာ ခိုးမပြေးရင် Hyung က ဟိုတစ်ယောက် လက်ထဲ ပါတော့မှာ
~ ဘယ်တစ်ယောက်လဲ
~ မင်းသူ့ကို မသိပါဘူး
~ ဒါပေမယ့် ခိုးပြေးလို့ Kyung Soo က သဘော မတူရင်ရော
~ Hyung ငါ့ကို ချစ်နေသေးတယ် ဆိုတာ ငါသိတယ်
~~~~~~~××××××~~~~~
Kyung Soo သူ Company ရောက်ပြီး အတော်ကြာတဲ့ အထိ Jongin ကရောက်မလာ... ဘာရယ် မဟုတ်ပေမယ့်လည်း သူပြောလိုက်တဲ့ စကားကြောင့် Jongin များ တကယ် ထင်သွားလား ဆိုပီး တွေးပြီး ပူရသေးသည်
Kyung Soo အတွေးလွန်နေစဉ်မှာပင် အခန်းထဲကို ရုတ်ချည်း ရောက်ချ လာတဲ့ Jongin
Jongin ပုံစံက အလော တကြီး ဖြစ်နေတာမို့ Kyung Soo အံ့သြ ကာ ကြည့်နေစဉ်မှာပင်
သူ့ဘေး ကို ချက်ချင်း ရောက်လာပြီး ပွေ့ချီကာ အခေါ်ခံလိုက်ရတာကြောင့် Kyung Soo မျက်ဝန်းတွေ ပြူးကျယ် သွားရသည်
~ Kim Jongin ဘာလုပ် တာလဲ.... လွတ်
Kyung Soo သူ တဘုန်းဘုန်း နဲ့ ရင်ဘတ်ကြီး ကို ထုရိုက် ပေမယ့် Jongin ကတော့ မဖြုံဘဲ Company ရှေ့မှာ ရပ်ထားတဲ့ သူကား ပေါ်ကို Kyung Soo ကို ပစ်တင်လိုက်သည် Kyung Soo တို့ ကို ငေးကြည့်နေတဲ့ Company ကသူတွေ ကို တောင် လုံးဝ ဂရု မစိုက်
~ Kim Jongin မင်းရူးနေလား ဟင် ဒါက ဘယ်မောင်းနေတာလဲ
ဘယ်ကို မောင်းနေမှန်းလည်း မသိ သူ့လက်တွေကိုလည်း ချုပ်ထားတာကြောင့် Kyung Soo ပါးစပ်ကနေသာ မေးလိုက်ရတော့ Jongin က မောင်းနေရာ ကနေ သူ့ဘက် လှည့်လာကာ