PROMISE
Hyung က ပန်းစည်း လေး ကို ယူကာ နမ်းပြီး Jongin ရှေ့မှာ ရှိနေတာ ကိုပင် မေ့ နေ သလို လို နဲ့ ပြုံးစစ နဲ့
~ ဒါ ဟိုကလေး Sehun ပေးတာ နေမှာ ဆိုပြီး သဘော တကျ ပန်းစည်း လေး ကို နေရာ တကျ တင်ထား လိုက်သည်
Hyung ရဲ့ " ဟိုကလေး Sehun " ဆိုတဲ့ အပြောကြောင့် Jongin မှာ လက်ကအနာ ကိုတောင် မေ့သွားပြီး တံတွေးတောင် နင်သွားရသည်
" ဘယ်နှယ့် သူပေး တာကို !! Sehun ပေးတာ လုပ်နေတယ် ! မဟုတ်ဘူး အဲ့ ပန်း က ကျွန်တော် ပေးတာ ဆိုပြီး ထအော် ပစ်ချင် တဲ့ စိတ်ကို သူ့မှာ မနည်း ထိန်းထား ရတာ "
~ လာဆေးထည့် ရအောင်
ဆေး Box လေး ကို ယူရင်း သူ့ဘေးနား ၀င်ထိုင်လိုက်တော့ Hyung နားက ရေးမွှေး နံ့လေး သင်းခနဲ့ ထွက် လာသည် သူ ဒီ အနံ့ လေး ကို ဘယ်လောက်ကြာ အောင် လွမ်းနေ ရလည်း ဆိုတာ သူ အသိဆုံးပင်
Hyung က သူ့ကို တစ်ချက် မော့ မကြည့်ဘဲ ဂရု တစိုက် ဆေးထည့် ပေးနေတော့ သူ့စိတ်ထဲ ကြည်နူး မှု့ရော ၀မ်းနည်း မှု့ရော ရောထွေးနေခဲ့သည်....သူ Hyung ကို လက်လွတ် ရမှာ ကြောက်လာသည်...Hyung ကို သူဘဲပိုင်ဆိုင်ချင်သည် ..ခုချိန်မှာ သူ့ကို တစ်ကိုယ်ကောင်း ဆန်တယ် ဘဲ ပြောရင် ပြောကြပါစေ သူကတော့ လက်လွှတ်မခံနိုင်ပါ
~ Hyung ကျွန်တော်
~ မင်း ရှရာ က တော်တော် ကြီးတယ် ဆေးကို ဂရု စိုက်ထည့်လိုက်
~ ကျွန်တော်မှ မလုပ်တတ်တာ
~ ဒါဆိုလည်း မင်းချစ်သူ Nara ကို ထည့်ခိုင်း လိုက် သူကတော့ လုပ်ပေး မှာပါ
Hyung အပြောကြောင့် Jongin စိတ်တွေ ရှုပ်ထွေး လာခဲ့သည် ဟင့်အင်း ကျွန်တော်က Hyung ဆီက ဂရု စိုက်မှု့ ကိုဘဲ ယူချင်တာပါ
~ Hyung ကျွန်တော် ပြောစရာ ရှိတယ်
~ ငါကတော့ ပြောစရာ မရှိဘူး