PROMISE
Jonginလည်း အလိုက်သင့် Kyung Soo လက်ကို ပြန်တွဲရင်း အတန်းဆီ ဉီးတည်ခဲ့သည်...
နှစ်ယောက် စလုံး အတွက်တော့ ပထမဆုံး အကြိမ် ချစ်မိတဲ့ အချစ် ......အချစ်ဉီး တွေ မို့ အရူး အမူးကို ချစ်ကြတာပါ
သူတို့ မသိလိုက်တာကတော့ သူတို့ကို ကြည့်နေတဲ့ မျက်ဝန်းတစ်စုံ ရှိနေတယ် ဆိုတာဘာဘဲ
¥¥¥¥¥¥¥¥
Jongin Omma ခရီးသွားနေတဲ့ ရက်တွေက Jongin အတွက်တော့ အပျော်ရွှင် ရဆုံး ရက်တွေပင် သူချစ်ရတဲ့ Hyung နဲ့ မနက်ဆို ကျောင်းအတူတူ သွား Breakfast လည်း အတူတူစားကြ ညနေကျောင်းဆင်း ပြန်ရင်လည်း အိမ်ကို အတူတူ ပြန်ကြ Hyung ကို အိမ်ရှေ့ ထိ လိုက်ပို့ ပြီးတဲ့ အထိ သူ က လက်မလွှတ်ချင်ဘူးလေ Hyung လက်သေးသေး လေးတွေ ကို စုပ်ကိုင် ထားရတဲ့ အချိန်က သူ့ ဘ၀ အတွက် အပျော် ရွှင်ဆုံး ရက်တွေပင်
¥¥¥¥¥¥¥
ဒီနေ့တော့ Jongin က သူ့ အမေ ညနေကျ ရင် ပြန်လာ တော့မယ် ဆိုတာ သိနေတာ မို့ Omma ပြန်မလာ ခင် Hyung နဲ့ ကျောင်းအတူတူသွား ရအောင် သူ Hyung ဆီ ကို ပိုပြီး အစောကြီး ထွက်လာခဲ့သည် မနက် မိုးမလင်း သေးတာမို့ နေတောင် မထွက်သေး.......ချမ်းစီးစီး ရာသီဉတု့ ကြီးမှာ သူ့ ဂျာကင်ထဲကို လက်နှစ်ဖက် ထည့် ရင်း Hyung အိမ်ကို အပြေး လာခဲ့သည်
Hyung အိမ်ရှေ့ရောက်တော့ Bell တီးပေမယ့် တစ်ယောက် မှ ထွက်မလာတာကြောင့် သူ သိထားတဲ့ Passward လေး ကို နှိပ်ပီး အိမ်ထဲကို ခြေသံလုံလုံ နဲ့ ၀င်လာခဲ့သည်
ဘယ်လို ပြောရမလဲ သူ့ အဖြစ် က ချစ်သူ ကောင်မလေး ကို လာခိုးတဲ့ ကောင်လေး တစ်ယောက် ရဲ့ အဖြစ်လိုဘဲ
¥¥¥¥¥¥¥
Hyung အခန်းတံခါး လေးကို အသာ လေး ဖွင့်ကြည့်တော့ ခုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ Hyung..စောင်က အောက်ကို ပြုတ်ကျနေတာမို့ ဘယ်လောက် ချမ်းနေလည်း ဆိုတာ သူသတိ ထားမိပါသည်
